သေဆုံးသူ ၂

December 3, 2020

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉၅,၀၀၀ ကျော်၊ သေဆုံးသူ ၂,၀၀၀ ကျော်ရှိလာ 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာသစ် ၁,၄၁၈ ယောက်နဲ့ သေဆုံးသူ အယောက် ၃၀ ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်း ၉၅,၀၁၈  ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ  အယောက် ၃၀ ထဲမှာ ၂၄ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၂,၇၁၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၄၁၈ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှဆင်းခွင့်ရသူ ၁,၁၄၇ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၄၀ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက  ၇၀၇ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၈၄၁ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၉၅,၀၁၈ ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၃,၇၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၅ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၅ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ PHOTO-MOHS
5 months Ago

February 22, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂,၃၆၀ ဦးနှင့် ကူးစက်ခံရသူ ၇၇,၈၁၆ ဦးရှိပြီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၂၂ ရက်အထိ  ကမ္ဘာတဝှမ်း သေဆုံးသူ ၂,၃၆၀ ဦးနဲ့ ကူးစက်ခံရသူ ၇၇,၈၁၆ ဦးရှိခဲ့တယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။   ကူးစက်ခံရပြီး ပြန်ကောင်းလာသူအရေအတွက်ကလည်း  ၂၀,၉၆၅ ဦး ရှိပါတယ်။ ဒါကြောင့် လက်ရှိ ကူးစက်ခံအရေအတွက် ၅၄,၄၉၁ ဦးရှိပြီး အဲဒီထဲမှာ အခြေအနေ မစိုးရိမ်ရတဲ့  ကူးစက်ခံအရေအတွက်က ၄၂,၉၅၂ ဦး ဖြစ်ပါတယ်။   အခြေအနေ စိုးရိမ်ရတဲ့အရေအတွက်ကတော့ ၁၁,၅၃၉ ဦး ရှိပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ ဟူဘေးပြည်နယ်မှာ ထပ်မံသေဆုံးသူ ၁၀၉ ဦး ရှိခဲ့ပါတယ်။  တရုတ်နိုင်ငံ ပြင်ပမှာ သေဆုံးသူကတော့ ၁၅ ယောက် အထိ ရှိလာပါပြီ။  အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း ၃၂ ခုမှာ ဖြစ်ပွားနေပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မယ့် စိုးရိမ်စိတ်တွေ ရှိနေချိန်မှာ အီရတ်နိုင်ငံက အီရန်နဲ့ နယ်စပ်ကို ပိတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်နေပါတယ်။  အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ တွေ့ပြီးနောက် အီရန်နိုင်ငံသားတွေကို   အီရတ်နိုင်ငံထဲ ဝင်ရောက်ခြင်းကနေ တားမြစ်တယ်လို့ အီရတ်နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။   အီရန်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပီုး သေဆုံးသူ  ၄ ယောက် ရှိသွားပြီလို့ Worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။ 
1 year Ago
Up