သေဆုံး

February 25, 2021

မန္တလေး ကမ်းနားလမ်းပစ်ခတ်မှုဖြစ်စဉ်တွင် သေနတ်ဒဏ်ရာရပြီး ဖမ်းဆီးခံရသူ ၁ ဦးသေဆုံး

မန္တလေးမြို့ ကမ်းနားလမ်းမှာ ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲတို့က  အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှုဖြစ်စဉ်မှာ  သေနတ်ဒဏ်ရာရပြီး ဖမ်းဆီးခံရသူ တစ်ဦး သေဆုံးသွားပါတယ်။ 

ကိုရာဇာအောင်ဟာ ဖမ်းဆီးခံရတဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကတည်းက ခြေသလုံးအထက်ပိုင်းမှာ သေနတ်ကျည်ဆန်ထိမှန်  ဒဏ်ရာရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းမှာ သေဆုံးခဲ့ပါတယ်။

သေဆုံးသူမှာ ဒဏ်ရာတွေတွေ့ရပြီး သူ့ရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာက COVID- 19 ရောဂါအကြောင်းပြကာ ပြန်မပေးဖို့ လုပ်နေတယ်လို့ သေဆုံးသူရဲ့ မိသားစုဝင် က ပြောပါတယ်။ 

မန္တလေးမြို့ ကမ်းနားလမ်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ပစ်ခတ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ရာ  သေဆုံးသူ ၂  ဦး ရှိခဲ့ပါတယ်။ ဒါ့အပြင် လူအယောက် ၇၀  ကျော်ဒဏ်ရာရခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူ ၈၀ လောက်ရှိပါတယ်။ 

3 months Ago

January 31, 2021

ကိုဗစ်-၁၉ လူနာသစ် ၂၈၁ ဦး၊ သေဆုံးသူ ၆ ဦးထပ်တိုး

DVB

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၂၈၁ ယောက်နဲ့ သေဆုံးသူ ၆ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူ ၆ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၃၀ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၃၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆,၂၇၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၂၈၁ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။

လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၃၁ ယောက် ရှိပြီး ပြည်သူ့ဆေးရုံတွေက ၅၁၇ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၁၄ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၂၂၈ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၄၀,၁၄၅ ယောက်၊ သေဆုံးသူ ၃,၁၃၁ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၂၅,၀၇၂ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၀၃ သန်းကျော်၊ သေဆုံးသူ သေဆုံးသူ ၂ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၇၄ ဒသမ ၈ သန်းကျော် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

3 months Ago
More News
Up