သူပုန်ခေါင်းဆောင်

April 6, 2020

ကဒါဖီနောက်ပိုင်း ဝန်ကြီးချုပ်ဖြစ်လာသူ သူပုန်ခေါင်းဆောင် ကိုရိုနာဖြင့် သေဆုံး

၂၀၁၁ ခုနှစ် လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီကို ရာထူးချခဲ့ပြီး သူပုန်ဝန်ကြီးချုပ် ဖြစ်လာသူ မာမွတ်ဂျစ်ဘရေလ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရအပြီး ဧပြီလ ၅ ရက်က သေဆုံးခဲ့တယ်လို့ သူ့လက်ထောက်နဲ့ သူ့ပါတီက ပြောပါတယ်။ သူဟာ ၂၀၁၂ မှာ လစ်ဗျားရဲ့ နှစ် ၄၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့တဲ့အထိ ကြားဖြတ်အစိုးရကို ဦးဆောင်ခဲ့သူပါ။ မတ်လနှောင်းပိုင်းက ဗိုင်းရပ်စ်ကူးစက်ခံရအပြီး အီဂျစ်မြို့တော် ကိုင်ရိုက ပုဂ္ဂလိက ဆေးရုံမှာ ဆေးကုသခံယူရင်း သေဆုံးခဲ့တယ်လို့ သူ့လက်ထောက်က ပြောပါတယ်။ ဂျစ်ဘရီယယ်လ် မသေဆုံးခင်မှာ လစ်ဗျားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁၈ ယောက်ရှိပြီး တယောက် သေဆုံးခဲ့တယ်လို့ လစ်ဗျားရဲ့ နိုင်ငံတကာအသိအမှတ်ပြု အစိုးရက အတည်ပြုထားပါတယ်။
1 year Ago

February 23, 2020

တောင်ဆူဒန်နိုင်ငံ သူပုန်ခေါင်းဆောင်ဟောင်း ဒုသမ္မတ ၁ အဖြစ် ကျမ်းသစ္စာကျိန်ဆို

တောင်ဆူဒန်နိုင်ငံ သူပုန်ခေါင်းဆောင်ဟောင်း ရိခ်မာချာဟာ ညီညွတ်ရေးအစိုးရကို ဖွဲ့စည်းဖို့ ကာလရှည် ပြိုင်ဘက် သမ္မတဆီလ်ဗာကီယာနဲ့ သဘောတူအပြီး ဖေဖော်ဝါရီ ၂၂ ရက်မှာ နိုင်ငံရဲ့ ဒုသမ္မတ (၁) အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။ ဒါဟာ နိုင်ငံတွင်း နှစ်ချီကြာတဲ့တိုက်ပွဲတွေ အဆုံးသတ်နိုင်တဲ့ အရွေ့တရပ်လည်း ဖြစ်ပါတယ်။ ကီယာဟာ အနာဂတ်အတွက် အကောင်းမြင်ထားတယ်လို့ ကျမ်းကျိန်ပွဲမှာ ပြောပါတယ်။ အကဲခတ်တွေကတော့ နိုင်ငံဟာ ငြိမ်းချမ်းရေး အဓွန့်ရှည်ဖို့ စိန်ခေါ်မှုကြီးကြီးကို ရင်ဆိုင်နေရဆဲလို့ သတိပေးထားပါတယ်။ လူ့အခွင့်အရေး အုပ်စုတွေကလည်း လူ့အခွင့်အရေးစံနှုန်းတွေ တိုးမြှင့်ဖို့ ခြေလှမ်းတွေ ဆက်လှမ်းရေး ဆော်သြခဲ့ပါတယ်။ ၂၀၁၈ မှာ လက်မှတ်ထိုးခဲ့တဲ့ ငြိမ်းချမ်းရေးစာချုပ်ပါ အဓိကအချက်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဖို့ နောက်ဆုံး သတ်မှတ်ချက်ကို ကီယာနဲ့ မာချာတို့ဟာ ထပ်ခါတလဲ နောက်ရွှေ့ခဲ့တာပါ။ တောင်ဆူဒန် ပြည်တွင်းစစ်ကြောင့် လူ ၄ သိန်း သေဆုံးခဲ့ပါတယ်။  ၁၉၉၄ ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုအပြီး အာဖရိကတိုက်ရဲ့ အကြီးဆုံးဒုက္ခသည် အကျပ်အတည်းလည်း ဆိုက်ခဲ့ပါတယ်။
1 year Ago
Up