သုံးဘီးဆိုင်ကယ်နှင့် ရထားတိုက်

January 5, 2019

သထုံတွင် သုံးဘီးဆိုင်ကယ်နှင့် ရထားတိုက်မှုဖြစ်၍ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ် သထုံမြို့နယ်မှာ သုံးဘီးဆိုင်ကယ်နဲ့ မီးရထားတိုက်မှု ဖြစ်ပွားခဲ့လို့ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဇန်န၀ါရီ ၄ ရက်နေ့က မနက် ၁၁ နာရီလောက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာနေ စိုးမင်းသူ (၃၅) နှစ် မောင်းနှင်ပြီး ဦးသန်းဝင်း (၅၂) နှစ်လိုက်ပါလာတဲ့ သုံးဘီး ဆိုင်ကယ်ဟာ နောင်ကုလားဘူတာနဲ့ နောင်ဘိုဘူတာကြား မိုင်တိုင် (၁၃၃/၁-၂) တရားမဝင် သံလမ်းကူးအား ဖြတ်ကူးစဉ် မော်လမြိုင်-ရန်ကုန် အမှတ်(၉၀) အစုန်ရထားနဲ့ တိုက်မိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ယာဉ်တိုက်မှုကြောင့် စိုးမင်းသူမှာ ဦးခေါင်း၊ ယာလက်မောင်း၊ ဝဲပေါင်ပြတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဦးသန်းဝင်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့လို့ သထုံပြည်သူ့ဆေးရုံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ စိုးမင်းသူ (သေဆုံး)အား သထုံမြို့မရဲစခန်းက (ပ) ၉/၂၀၁၉၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ နဲ့ အမှုဖွင့်စစ်ဆေးနေကြောင်း သိရပါတယ်။
2 years Ago
Up