သုဝဏ္ဏဝတီ

March 7, 2021

သုဝဏ္ဏဝတီမြို့ ဆန္ဒပြပြည်သူများကို KNU တပ်ဖွဲ့ဝင်အချို့ လာရောက်ဝန်းရံ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မှာ မတ်လ ၇ ရက်နေ့က မနက် ၉ နာရီလောက် စစ်အာဏာရှင်ဆန်ကျင်ရေး ပြည်သူ့သပိတ်စစ်ကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) တပ်ဖွဲ့ဝင်တချို့ လာရောက်ဝန်းရံခဲ့တယ်လို့ သိရပါတယ်။‌

အခုလို စစ်အာဏာရှင်ဆန်ကျင်တဲ့ ပြည်သူ့သပိတ်စစ်ကြောင်းအား လာရောက်ဝန်းရံပေးမှုအပေါ် သထုံခရိုင် KNU တပ်မဟာ (၁) ဆက်ဆံရေးရုံး တာဝန်ခံကိုဆက်သွယ်စုံစမ်းမေးမြန်းရာမှာတော့ ဆက်သွယ်မှုမရရှိခဲ့ပါဘူး။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက လာရောက်တားဆီးစဉ် KNU တပ်မဟာ(၁)တပ်ဖွဲ့ဝင်တချို့နဲ့ နှစ်ဖက်ထိပ်တိုက်ပြောဆိုမှုတွေရှိခဲ့ပြီး ဆန္ဒပြသူတွေက ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရပါတယ်။

5 months Ago

February 25, 2021

သုဝဏ္ဏဝတီတွင် CDM လှုပ်ရှားနေသူများနှင့် တပ်မတော်ထောက်ခံသူများ အပြိုင်ဆန္ဒပြ

မွန်ပြည်နယ်၊ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ မြို့မဈေးရှေ့မှာ  ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၉ နာရီခွဲအချိန်က တပ်မတော်ကို ထောက်ခံကြောင်း လှည်လည်ဆန္ဒပြခဲ့ကြသူတွေနဲ့ CDM လှုပ်ရှားနေသူတွေ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။

တပ်မတော်ထောက်ခံပွဲလှည့်လည်ပွဲကို သထုံခရိုင်မှာ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်မတော်က အာဏာထိန်းသိမ်းလိုက်တဲ့အပေါ် သုဝဏ္ဏဝတီမြို့ ဒေသခံတွေအနေနဲ့ မြို့စျေးအရှေ့ ငြိမ်းချမ်းစွာထိုင်သပိတ် ဆင်နွှဲမှုမှာ ၄ ရက်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

5 months Ago
Up