သီချင်းဆိုအလှူခံ

April 26, 2021

မိခင်ဆေးကုသရန် သီချင်းဆိုအလှူခံနေစဉ် ဖမ်းဆီးခံရသည့် လူငယ် ၁ ဦး ပြန်လွတ်လာ

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်မှာ မိခင်ဆေးကုသစရိတ်အတွက် သီချင်းဆိုအလှူခံနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တစ်ဦး ဧပြီ ၂၅ ရက်ညက ပြန်လွတ်လာပါတယ်။ 

အရိုးကင်ဆာဝေဒနာ ခံစားနေရတဲ့  မိခင်ဆေးကုသဖို့အတွက် သီချင်းဆို အလှူခံနေတဲ့ ကိုရိုးရိုးမြင့်ဆွေကို   သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် သမာဓိ ၁ လမ်းမှာ  မနေ့ ညနေ ၆ နာရီလောက်က ရဲတွေကဆိုင်ကယ်နဲ့လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မျက်မြင်တွေက ပြောပါတယ်။

မနေ့ည ၉ နာရီလောက်မှာတော့  ရဲစခန်းက ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုရိုးရိုးမြင့်ဆွေက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ  ရေးသားထားပါတယ်။

ကိုရိုးရိုးမြင့်ဆွေဟာ မိသားစုစားဝတ်နေရေးနဲ့ အရိုးကင်ဆာဝေဒနာ ခံစားနေရတဲ့ မိခင်ဖြစ်သူရဲ့ လစဉ်ဆေးကုသစရိတ်အတွက် ထောက်ပံ့ပေးနေရတဲ့အတွက် သီချင်းသီဆိုဖျော်ဖြေရင်း မိခင်ဆေးကုသစရိတ် ရှာဖွေနေသူဖြစ်တယ်လို့ သိရပါတယ်။

Photo- ရိုးရိုးမြင့်ဆွေ

2 months Ago
Up