သမ္မတဟောင်း

November 13, 2020

ပီရူးကြားဖြတ်အစိုးရ တရားမဝင်ဟု သမ္မတဟောင်း စွပ်စွဲ

ပီရူးကြားဖြတ်အစိုးရဟာ တရားမဝင်ဘူးလို့ သမ္မတဟောင်း မာတင်ဗစ်ဇ်ကာရာက နိုဝင်ဘာလ ၁၂ ရက်မှာ ပြောပါတယ်။  မာတင်ဗစ်ဇ်ကာရာ ရာထူးက ဖယ်ရှားခံရပြီး ကြားဖြတ်သမ္မတ  မန်နျူရယ်မာရင်နို အာဏာ ရယူပြီးကတည်းက ပီရူးနိုင်ငံတဝန်း ဆန္ဒပြပွဲတွေက အရှိန်မြင့်လာပါတယ်။  ကြားဖြတ်သမ္မတ မာရင်နိုက လာမယ့်ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေဟာ ဆန္ဒပြ ပွဲတွေ ဖြစ်အောင် လှုံ့ဆော်နေတယ်လို့ စွပ်စွဲပြောဆိုပြီး နိုင်ငံသားတွေ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ တိုက်တွန်း ပါတယ်။  လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေနဲ့ ပီရူးကွန်ဂရက်က ဗစ်ဇ်ကာရာကို ရာထူးက ဖယ်ရှားပြီးနောက် နိုဝင်ဘာ ၁၀ ရက်မှာ မာရင်နို သမ္မတတာဝန် စတင်ထမ်းဆောင်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိနာနေတဲ့ ပီရူးမှာ ဖြစ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုက ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုနဲ့ကြုံရနိုင်တယ်လို့  ရိုက်တာက ရေးပါတယ်။ 
11 months Ago

September 8, 2020

ဘိုလီးဗီးယားသမ္မတဟောင်း၏ လွှတ်တော်အမတ်ဝင်အရွေးခံရန် ကြိုးပမ်းချက် ပယ်ချခံရ

ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ်ရဲ့ လွှတ်တော်အမတ် ဝင်အရွေးခံမယ့်  ကြိုးပမ်းချက်ကို တရားရုံးက စက်တင်ဘာ ၇ ရက်မှာ ပယ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မကျင်းပဖြစ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို လာမယ့်အောက်တိုဘာလထဲမှာ ကျင်းပမှာ ဖြစ်ပါတယ်။ သမ္မတဟောင်း မိုရာလက်စ်ဟာ နေထိုင်ခွင့် လိုအပ်ချက်နဲ့ မကိုက်ညီတာမို့ သူ့ရဲ့  ဆိုရှယ်လစ်ဝါဒအတွက် လှုပ်ရှားမှု (MAS) ပါတီအတွက် အထက်လွှတ်တော်အမတ်နေရာ ဝင်ရောက်မယှဉ်ပြိုင်နိုင်ဘူးလို့ တရားသူကြီး အဲဖရက်ဒိုဟိုင်မဲစ်က ဒေသခံမီဒီယာကို ပြောပါတယ်။  ဒါဟာ မိုရာလက်စ် ကိုယ်စားလှယ် အရွေးခံမယ့်အပေါ် ရွေးကောက်ပွဲ ခုံရုံးရဲ့  တားဆီးမိန့်ကို ဘိုလီးဗီးယားတရားရုံး ဆုံးဖြတ်ချက်က အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။  မနှစ်တုန်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘိုလီးဗီးယားနိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတ အီဗိုမိုရာလက်စ် ရာထူးက ဆင်းခဲ့ရပါတယ်။   အခုအခါမှာတော့ သမ္မတဟောင်း မိုရာလက်စ်ဟာ အာဂျင်တီးနားနိုင်ငံမှာ ပြည်ပြေးဘဝနဲ့ နေထိုင်နေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
1 year Ago
More News
Up