သဘောတူ

December 24, 2020

အကြီးစားဆိပ်ကမ်းဆောက်ရန် တောင်ကိုရီးယားနှင့်အီရတ် သဘောတူစာချုပ်လက်မှတ်ထိုးမည်

အီရတ်နိုင်ငံတောင်ပိုင်းမှာ အကြီးစားဆိပ်ကမ်းရဲ့ ပထမအဆင့်ကို တည်ဆောက်ဖို့ အစိုးရဟာ တောင်ကိုရီးယားအခြေစိုက် ဒေဝူးအင်ဂျင်နီယားရင်းနဲ့ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၂၅ ဘီလီယံတန် သဘောတူညီချက် စာချုပ်ကို လက်မှတ်ထိုးဖို့ ကတိပြုလိုက်တယ်လို့ ဆိပ်ကမ်းမန်နေဂျာက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။  တနင်္ဂနွေနေ့မှာ လက်မှတ်ထိုးမယ်လို့ မျှော်လင့်ရတဲ့ စာချုပ်ထဲမှာ ဒေဝူးဟာ ကုန်သေတ္တာတွေ ထားဖို့ ခြံဝင်းနဲ့ သင်္ဘောပေါ်က ကုန်သေတ္တာတွေကို အတင်အချလုပ်ဖို့ သင်္ဘောကျင်း ၅ ခုကို တည်ဆောက်ဖို့အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ကိုင်တွယ်ရမှာ လို့ ဆိပ်ကမ်းများဆိုင်ရာ အထွေထွေကုမ္ပဏီရဲ့ ညွှန်ချုပ်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  “ပထမအဆင့်မှာ ဆိပ်ကမ်းဟာ ကုန်သေတ္တာအလုံးရေ ၃ သန်းကို လက်ခံနိုင်စွမ်း ရှိသင့်တယ်။ နောက်ထပ် ဆောက်လုပ်ရေးလုပ်ငန်း ၃ ဆင့်ကို အချိန်လေးနှစ်အတွင်း ပြီးစီးအောင် လုပ်သင့်တယ်။ အီရတ်ဟာ တခြားအဆင့်တွေအတွက် စိတ်ဝင်စားတဲ့ ဘယ်ကုမ္ပဏီနဲ့ မဆို ကန်ထရိုက်စာချုပ်တွေ ချုပ်ဖို့ အသင့်ပဲ” လို့လည်း သူက ဆက်ပြောပါတယ်။  အခုတော့ သင်္ဘောတွေ လက်ခံဖို့ အီရတ်ဟာ ဗျူဟာမြောက်ပင်လယ်ကွေ့ရဲ့ ထိပ်မှာရှိတဲ့ နိုင်ငံတောင်ပိုင်းက ဥုံမာကတ်စာရီ ဆိပ်ကမ်းကို အဓိက မှီခိုအားထားနေရပါတယ်။  အသစ်ဆောက်မယ့် ဖောဆိပ်ကမ်းကတော့ အကြီးဆုံးကုန်သေတ္တာတင်သင်္ဘောတွေကိုပါ လက်ခံနိုင်တဲ့ ရေနက်ဆိပ်ကမ်းဖြစ်လာမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 months Ago

November 8, 2020

လက်ထိ ပြစ်ဒဏ်ဘောပေးသည့် စည်းမျဉ်းပြောင်းလဲရန် ဖီဖာနှင့်ယူအီးအက်ဖ် သဘောတူ

လက်နဲ့ထိတိုင်း ပြစ်ဒဏ်ဘောပေးနေတဲ့ စည်းမျဉ်းကို  ပြောင်းလဲပေးဖို့ ယူအီးအက်ဖ်အေဥက္ကဋ္ဌက ဖီဖာ ဥက္ကဋ္ဌဆီ တင်ပြထားပါတယ်။  ချဲလ်ဆီးနဲ့ ရင်းနက်စ်တို့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရင်းနက်စ် နောက်ခံလူ ဒဲလ်ဘာ့က ပင်နယ်တီဧရိယာထဲမှာ လက်ထိခဲ့လို့ အဝါကတ်နဲ့ ပင်နယ်တီပြစ်ဒဏ်ဘော သတ်မှတ်ခဲ့ပြီး ပထမအဝါထိထားတဲ့ ဒဲလ်ဘာ့လည်း  ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရတာပါ။  အဲဒီ လက်ထိဘောမှာဆိုရင် ချဲလ်ဆီးတိုက်စစ်မှူးအေဗရာဟမ်ရဲ့ ကန်သွင်းချက်ဟာ ဒဲလ်ဘာ့ရဲ့ ရင်ဘက်ဆီ ဦးတည်ထိမှန်ခဲ့ပြီး လက်နဲ့လည်းထိခဲ့တာပါ။  အဲဒီလို အခြေအနေတွေမှာဆိုရင် ကစားသမားတွေအတွက် မျှတမှုမရှိတာကြောင့် လက်ထိဘောစည်းမျဉ်းကို ပြင်ဆင်ပေးဖို့ ယူအီးအက်ဖ်အေက တောင်းဆိုခဲ့တာပါ။  အရင်က လက်ထိဘောစည်းမျဉ်းအတိုင်း ပြန်လည်ပြင်ဆင်ဖို့အတွက် ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုနဲ့ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆက်ဖာရင်တို့ အကြမ်းဖျင်းသဘောတူခဲ့ပြီး လာမယ့်နှစ် အစောပိုင်း ကျင်းပမယ့် ဖီဖာအစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 
6 months Ago
More News
Up