သတိပေး

April 5, 2021

မြန်မာပြည်ရောက် တောင်ကိုရီးယားနိုင်ငံသားများ ဘေးကင်းရာ ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်

 တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံအတွက် ခရီးသွားအကြံပေးချက်ကို ဧပြီ ၃ ရက်မှာ အဆင့်ထပ် မြှင့်တင်လိုက်ပြီး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ သူ့နိုင်ငံသားတွေကို အကြံပြုတိုက်တွန်း လိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့လို့  သေဆုံးသူ ၆၀၀ နီးပါး ရှိနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မှု တိုးနေချိန်မှာခုလို အကြံပြုလိုက်တာပါ။

ခရီးသွားတပ်လှန့် သတိပေးချက်ကို ဒုတိယအမြင့်ဆုံး အဆင့်ကို တိုးမြှင့် လိုက်ပြီး တောင်ကိုရီးယားနိုင်ငံသားတွေ အနေနဲ့ ဒေသတွင်း ခရီးစဉ်တွေ ဖျက်သိမ်းကြဖို့ ဒါမှမဟုတ် ရွှေ့ဆိုင်းကြဖို့ ဝန်ကြီးဌာနက အကြံပေး ထားပါတယ်၊

မြန်မာနိုင်ငံထဲ ရောက်ပြီးသားသူတွေ အနေနဲ့လည်း  မပြန်ဖို့ အရေးကြီးတဲ့ ကိစ္စတွေ မရှိရင် တတ်နိုင်သမျှ အမြန်ဆုံး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားထားပါတယ်။

တောင်ကိုရီးယားအစိုးရဟာ အဆင့်လေးဆင့် ခရီးသွား တပ်လှန့်သတိပေးချက် စနစ်ကို သတ်မှတ်ထားပြီး သတိထားဖို့၊ ထိန်းချုပ်ဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့နဲ့ ချက်ချင်း ခရီးသွားခွင့် တားမြစ်ပိတ်ပင်ဖို့ လေးချက် ထားရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲက တောင်ကိုရီးယားနိုင်ငံသားတွေကို ကာကွယ်ဖို့ အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့နဲ့ နိုင်ငံခြားရေး ဝန်ကြီးက အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့လည်း  ဝန်ကြီးဌာနက ဆုံးဖြတ် ထားတယ်လို့ ကိုရီးယား အခြေစိုက် KBS သတင်းဌာနက အစီရင်ခံထားပါတယ်။

1 month Ago

January 11, 2021

ဒီမိုကရေစီတန်ဖိုးများကို ကာကွယ်ရန် အမေရိကန်ပြည်သူများကို ပုပ်ရဟန်းမင်းကြီး သတိပေး

အမေရိကန်ပြည်သူတွေ အကြမ်းဖက်မှုကို ရှောင်ရှားဖို့၊ ပြန်လည်ရင်ကြားစေ့ကြဖို့နဲ့ အမေရိကန် လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေတဲ့ ဒီမိုကရက်တစ် တန်ဖိုးတွေကို ကာကွယ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက အမေရိကန် အောက်လွှတ်တော်ကို  စီးနင်းတိုက်ခိုက်ခဲ့လို့ လူ ၅ ယောက် သေဆုံးအပြီး ခုလို ပြောလိုက်တာပါ။  “အကြမ်းဖက်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာပဲဆိုတာ ကျနော် အမြဲတမ်း ထပ်ခါတလဲ ပြောပါတယ်။ အကြမ်းဖက်လို့ ဘာမှမရဘူး အများကြီးဆုံးရှုံးတယ်”လို့ ပုပ်ရဟန်းမင်းကြီးက မနေ့က မိန့်ခွန်းမှာ ပြောပါတယ်။ လွှတ်တော်ကို စီးနင်းချိန်မှာ သေဆုံးသူတွေအတွက်လည်း ဆုတောင်းပေးနေခဲ့ပြီး ဘုံကောင်းကျိုးကို အတူတည်ဆောက်တဲ့ နည်းလမ်းကို ကျွမ်းကျင်ပိုင်နိုင်ဖို့  ဂရုစိုက်တဲ့ ယဉ်ကျေးမှု၊  ဆုံဆည်းတဲ့ ယဉ်ကျေးမှုတွေ အသက်ဆက်နိုင်ဖို့ မယ်တော်မာရီကလည်း အမေရိကန် ပြည်သူအားလုံးကို ကူညီလိမ့်မယ်လို့ ပုပ်ရဟန်း မင်းကြီးက မိန့်ပါတယ်။  ဇန်နဝါရီ ၆ ရက်က အောက်လွှတ်တော်ကို ဝင်စီးတဲ့ ဖြစ်ရပ်အပြီး ဒါဇင်နဲ့ချီတဲ့လူတွေ တရားစွဲ ခံရပါတယ်။  ပါဝင်သူတွေ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ဖို့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI က လူထုကို အကူအညီ တောင်းခဲ့ပါတယ်။  
4 months Ago
More News
Up