သတင်းအချက်အလက်များ

May 6, 2020

COVID-19 သတင်းအချက်အလက်များ တိုက်ရိုက်ပေးရန် WHO ကို ထိုင်ဝမ် တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် သတင်းအချက်အလက်တွေ တိုက်ရိုက်ပေးဖို့ ထိုင်ဝမ် ကျန်းမာရေးဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို မေ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။  ထိုင်ဝမ်ကို ပြည်နယ်တခုအဖြစ် သဘောထားတဲ့ တရုတ်အစိုးရရဲ့ ကန့်ကွက်ချက်ကြောင့်  WHO ကနေ ချန်လှပ်ထားတဲ့အပေါ်မှာ ထိုင်ဝမ်အစိုးရက ဒေါသဖြစ်နေပါတယ်။   ဒီလို ချန်လှပ်ထားတာက ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ကွာခြားချက် ဖြစ်စေတယ်လို့ ထိုင်ဝမ်က ပြောဆိုပါတယ်။ WHOနဲ့ တရုတ်အစိုးရကတော့ ထိုင်ဝမ် လိုအပ်တဲ့ အကူအညီကို ပေးနေတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ် ပြည်သူ ၂၃ သန်းအတွက်  နိုင်ငံတကာကိုယ်စား ပြောဆိုခွင့်ဟာ တရုတ်နိုင်ငံမှာပဲ  ရှိတယ်လို့  တရုတ်အစိုးရက ပြောဆိုပါတယ်။  အဲဒီပြောကြားချက်ကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့  ထိုင်ဝမ် အစိုးရက ဒေါသတကြီး ပယ်ချခဲ့ပါတယ်။  WHO ရဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့အဖွဲ့ဖြစ်တဲ့ (WHA) ရဲ့ ဒီလအစည်းအဝေးမှာ လေ့လာသူအဖြစ် တက်ရောက်ဖို့ ထိုင်ဝမ်က ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ဒီကြိုးပမ်းချက်ကို  တရုတ်အစိုးရက ပိတ်ပင်လိမ့်မယ်လို့ အစိုးရနဲ့ သံတမန်သတင်းရင်းမြစ်တွေက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။
1 year Ago
Up