သစ်ပင်အပိုင်းအစနမူနာ

April 12, 2020

နှစ် ၆ သောင်းက ရေအောက်နစ်မြုပ်နေသည့် သစ်ပင်အပိုင်းအစနမူနာများ အမေရိကန်ပညာရှင်များ ရယူ

အမေရိကန်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ လွန်ခဲ့တဲ့ အနှစ်ခြောက်သောင်းက အလာဘားမား ပြည်နယ်ကမ်းရိုးတန်းက အနယ်အနှစ်တွေအောက်မှာ နစ်မြုပ်နေတဲ့ ဆိုက်ပရပ်စ်သစ်တောက နမူနာတွေကို ရယူခဲ့ကြပါတယ်။ ဒီပစ္စည်းတချို့ဟာ ဆေးဘက်နဲ့ ဇီဝနည်းပညာ သုတေသနတွေအတွက် ရှေ့ဆောင် ဖြစ်လာဖို့ မျှော်လင့်ထားကြပါတယ်။  အမျိုးသားသမုဒ္ဒရာနဲ့လေထုစီမံခန့်ခွဲရေးဌာန(NOAA)က ရန်ပုံငွေ ထောက်ပံ့တဲ့ စီမံကိန်း အတွင်း အရှေ့မြောက်ပိုင်းတက္ကသိုလ်နဲ့ ယူတာ တက္ကသိုလ်တို့က သိပ္ပံပညာရှင်ဟာ ရေအောက် ပေ ၆၀အနက်က ပင်လယ်ကြမ်းပြင်ကို ငုပ်ပြီး သစ်တောကို ရှာတွေ့ခဲ့တာပါ။ သစ်ပင်အပိုင်းအစတွေဟာ နုံးတွေအောက်မှာ နစ်မြုပ်နေလို့ မဆွေးကြပါဘူး။ သစ်သားစတွေမှာ ဘက်တီးရီးယားမျိုးစိတ် ၁၀၀ လောက်ကို သိပ္ပံပညာရှင်တွေက တွေ့ထားပြီး အများစုဟာ အရင်က မတွေ့ဖူးတဲ့ အသစ်တွေဖြစ်လို့ ဆေးဝါးအသစ်တွေ ဖော်စပ်နိုင်ဖို့ အလားအလာ ရှိတယ်လို့ စမ်းသပ်ပြီးသား သုတေသနတွေက ဖော်ပြပါတယ်။ စာရွက်ကနေ ပြန်လည်ပြည့်ဖြိုးမြဲ လောင်စာထိ အရာအားလုံးကို ထုတ်လုပ်နိုင်ရေး အလားအလာတွေအတွက် ကွန်ပေါင်းတွေနဲ့ အင်ဇိုင်းတွေကို ရှာဖို့ ကောက်ယူရရှိထားပြီးသား နမူနာတွေကို အကဲဖြတ်သုံးသပ် သွားမယ်လို့ သုတေသန ပညာရှင်တွေက ပြောပါတယ်။
1 year Ago
Up