သက်ကြီးနိုင်ငံသား

November 25, 2020

စပိန်တွင် သက်ကြီးနိုင်ငံသားများနှင့် ကျန်းမာရေးလုပ်သားများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေး ထိုးပေးမည်

စပိန်နိုင်ငံမှာ သက်ကြီးနိုင်ငံသားတွေနဲ့ စောင့်ရှောက်ရေးဂေဟာတွေက ကျန်းမာရေး လုပ်သားတွေကို ပထမဦးစားပေးအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးမယ်လို့ ကျန်းမာရေးဝန်ကြီးက နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။ တနိုင်ငံလုံးကို ကာကွယ်ဆေး ထိုးပေးမယ့် အစီအစဉ်ကို ဇန်နဝါရီမှာ စတင်မှာဖြစ်ပြီး အဲဒီနောက်မှာ တခြားကျန်းမာရေးလုပ်သားတွေကို ကာကွယ်ဆေး ထိုးပေးမယ်၊ စပိန်ရဲ့ ဒေသန္တရ ပြည်သူ့ကျန်းမာရေးဌာန ၁၃,၀၀၀ မှာ ပြည်သူအုပ်စု ၁၈ စုကို တသုတ်ပြီး တသုတ် ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ ပထမ ၆ လမှာ နိုင်ငံ့လူဦးရေ အစိတ်အပိုင်းတရပ်ကို ကာကွယ်ဆေး အခမဲ့ အပြီးထိုးနှံပေးဖို့ စပိန်အစိုးရက မျှော်လင့်ထားတယ်လို့လည်း သူက ပြောပါတယ်။ ဇန်နဝါရီလမှာ ပထမဆုံးအသုတ် ကာကွယ်ဆေးထိုးပေးနိုင်ဖို့ အစိုးရက မျှော်လင့်ထားပြီး ပထမဆုံး လနည်းနည်းမှာ ကာကွယ်ဆေးထိုးပေးနိုင်စွမ်းက အကန့်အသတ်နဲ့ ရှိနေမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ဥရောပကော်မရှင်နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး အဓိက ထုတ်လုပ်ဖြန့်ဖြူးသူတွေအကြား သဘောတူညီချက်တွေအရ စပိန်ဟာ လူ သန်း ၈၀ ကို ကာကွယ်ဆေးထိုးပေးဖို့ ကာကွယ်ဆေး ထိုးဆေး အလုံးရေ စုစုပေါင်း သန်း ၁၄၀ ရဖို့ မျှော်လင့်ထားပါတယ်။ ဘယ်သူ ကာကွယ်ဆေး ထိုးပြီးသားလဲဆိုတာ အသေးစိတ် မှတ်တမ်းတင်သွားမယ်၊ ကျန် ကာကွယ်ဆေးတချို့ကို ပိုဆင်းရဲတဲ့နိုင်ငံတွေနဲ့ မျှဝေသွားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
6 months Ago
Up