သက်ကြီးရွယ်အို

December 28, 2018

ဝေကြိုင်စစ်ရှောင်စခန်းရှိ သက်ကြီးရွယ်အိုများ လေဖြတ်ရောဂါ ဖြစ်ပွားမှု များလာ

ကချင်ပြည်နယ်၊ လိုင်ဇာ ဝေကြိုင်စစ်ရှောင်စခန်းမှာ နေထိုင်နေတဲ့ သက်ကြီးရွယ်အိုတွေ လေဖြတ်ရောဂါ ဖြစ်ပွားမှု များလာတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။ ဝေကြိုင် စစ်ရှောင်စခန်းမှာ နေထိုင်နေသည့် ပြည်သူတွေဟာ စခန်းကို ရောက်ရှိလာပြီး ၂ နှစ်လောက်အထိ လေဖြတ်ရောဂါဖြစ်ပွားသူ မရှိဘဲ အခုနောက်ပိုင်းမှ လေဖြတ်ရောဂါခံစားရသူ စစ်ရှောင်ပြည်သူ လူဦးရေများလာတယ်လို့ စခန်း ဒုတာဝန်ခံ ဦးတူးခေါင်က ပြောပါတယ်။ သက်ကြီးရွယ်အို ၁၀၀၀ ကျော်ရှိတဲ့ ဝေကြိုင်စစ်ရှောင်စခန်းကို ရပ်ကွက် ၇ ခုခွဲထားပြီး တရပ်ကွက်ကို ၅ ဦး ၆ ဦးနှုန်း လေဖြတ်ရောဂါကို ခံစားနေရပြီး စုစုပေါင်း ၃၆ ဦး ရှိနေပါတယ်။ ရောဂါဖြစ်ပွားပြီး ၁ လအတွင်း အသက်ဆုံးရှုံးမှုတွေလည်း ရှိတယ်လို့ ဆိုပါတ်ယ။ စစ်ရှောင်စခန်းမှ လေဖြတ်ရောဂါ ခံစားနေရသူတွေ ပြည်သူ့ဆေးရုံမှာ လာရောက်ကုသမှု တွေရှိပြီး စစ်ရှောင်စခန်းမှာ နေထိုင်တာကြောင့် လေဖြတ်ရောဂါဖြစ်ပွားရတာ မဟုတ်ဘူးလို့ ဗဟို ပြည်သူ့ဆေးရုံကြီး (လိုင်ဇာ) မှ ဆရာဝန် လမုန်ဆန်နောတောင်က ပြောပါတယ်။ လက်ရှိအချိန်တွင် စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၄၅၉ စုနေထိုင်နေပြီး လူဦးရေ ၇၁၇၃ ဦး နေထိုင်ပါတယ်။ အဆိုပါ ပြည်သူတွေဟာ မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ကျေးရွာတွေမှ ၂၀၁၁ ခုနှစ်ကစပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေ ဖြစ်ပါတယ်။
2 years Ago

March 13, 2018

မြင်းခြံ သက်​ကြီးရွယ်​အိုနှင့် မသန်​စွမ်းသူများကို ​ထောက်​ပံ့ငွေ ပေးအပ်

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ သက်​ကြီးရွယ်​အိုတွေ၊ မသန်​စွမ်းသူတွေနဲ့ ထိခိုက်​လွယ်​သူတွေအတွက် ၁ လ၊ ကျပ်​ ၁၀၀၀၀ ​ထောက်​ပံ့ကူညီေ​နေတယ်​လို့ အပြည်​ပြည်​ဆိုင်​ရာ သက်​ကြီးရွယ်​အို​စောင့်ရှောက်​​ရေးအဖွဲ့ရုံးက ပြောပါတယ်​။ အပြည်​ပြည်​ဆိုင်​ရာ သက်​ကြီးရွယ်​အို​စောင့်ရှောက်​​ရေးအဖွဲ့ (မြင်းခြံ) မှ စီမံကိန်းတာဝန်​ခံ ဦး​စောမင်းသန်းက "ကျ​နော်​တို့အဖွဲ့ရဲ့ အဓိက ဦးစားေ​ပးလုပ်​ငန်းက​တော့ သက်​ကြီးရွယ်​အို​တွေ မသန်​စွမ်းသူ​တွေနဲ့ ထိခိုက်​လွယ်​တဲ့သူ​တွေရဲ့ ဘဝ​​တွေကို ပြန်​ပြီးအဆင်​​ပြေလာဖို့နဲ့ ပြန်​လည် ​ထူ​ထောင်​လာနိုင်​​စေဖို့အတွက်​ အဓိက လုပ်​​ဆောင်​​ပေး​နေတာပါ။ ခု မန္တလေးတိုင်းမှာ မြင်းခြံ၊ နွားထိုး၊ ​တောင်​သာ၊ မလှိုင်​ စတဲ့ မြို့​တွေ ပါဝင်​ပါတယ်​။ လက်​ရှိအစိုးရက အသက်​ ၉၀ နှစ်​အထက်​​တွေကို ​ထောက်​ပံ့​ပေး​နေတာ ဖြစ်​တဲ့အတွက်​ ကျ​နော်​တို့အဖွဲ့က အသက်​ ၈၅ နှစ်​မှ ၉၀ နှစ်​အထိ ရှိသူ​တွေကို ​ထောက်​ပံ့​ပေး​သွားမှာပါ။ မြင်းခြံတမြို့နယ်​လုံးရှိ အသက်​ ၈၅ မှ ၉၀ အထိ ရှိတဲ့ သက်​ကြီး​တွေ မသန်​စွမ်းသူ​တွေနဲ့ ထိခိုက်​လွယ်​တဲ့သူ​တွေကို ပထမဆုံးအကြိမ်​အဖြစ်​ စတင်​​ထောက်​ပံ့​ပေး​သွားမယ်​” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ အပြည်​ပြည်​ဆိုင်​ရာ သက်​ကြီးရွယ်​အို​စောင့်ရှောက်​​ရေးအဖွဲ့ (Help Age International) အဖွဲ့ဟာ ပထမဆုံးအကြိမ်​ဖြစ်​ မြင်းခြံမြို့နယ်​ရှိ ​ကျေးရွာ ၃၀ကို​ ရွေးချယ်​ပြီး ၂၀၁၆ ခုနှစ်​ ​မေလမှ စတင်​ပြီး စီမံကိန်း လုပ်​ငန်းများကို စတင်​ အ​ကောင်​အထည်​​ဖော်​ ဆောင်​ရွက်​ခဲ့တာ ဖြစ်​ပါတယ်​။ လက်​ရှိမှာ​တော့ မြင်းခြံတ​မြို့နယ်​လုံးရှိ သက်​ကြီးရွယ်​အိုတွေ၊ မသန်​စွမ်းသူတွေနဲ့ ထိခိုက်​လွယ်​တဲ့သူတွေကို စာရင်း​ကောက်​ယူပြီး တလကို ၁၀၀၀၀ ကျပ်​နှုန်း ထောက်​ပံ့​ငွေ ​ပေးအပ်​​နေတာလည်း ဖြစ်​ပါတယ်​။ "​နောက်​ပြီး ကျ​နော်​တို့လုပ်​တဲ့ လုပ်​ငန်းစဉ်​​တွေကို မြင်းခြံ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးရုံးနဲ့ လူမှုဝန်​ထမ်းဦးစီးဌာနတို့နဲ့ ချိတ်​ဆက်​​ဆောင်​ရွက်​ခဲ့တာဖြစ်​ပြီး ပြီး​တော့ လုပ်​ငန်းစဉ်​အားလုံးကို အစိုးရအဖွဲ့​တွေကို ပြန်​ပြီးမျှဝေ​ပေးသွားမှာ ဖြစ်​တယ်​”လို့ သူက ​ပြောဆိုပါတယ်​။ မြင်းခြံမြို့နယ်​မှာ မြင်းခြံမြို့​ပေါ် ရပ်​ကွက်​ ၂၀ ရှိပြီး ​ကျေးရွာအုပ်​စု ၁၈၅ ရွာ ရှိကာ၊ HAI အဖွဲ့မှ ပထမဆုံးအကြိမ်​အဖြစ်​ ​ထောက်​ပံ့​ငွေ ၃၄၁ ဦးကို ​ပေးအပ်​ခဲ့တာဖြစ်​ပြီး၊ ဒုတိယ ၃ လပတ်​မှာ​တော့ လူဦး​ရေ ၁၅၀၀ လောက်ကို ​ထောက်​ပံ့​ငွေ ​ပေးသွားနိုင်​ဖို့ ရှိတယ်​လို့ သိရပါတယ်​။ လက်​ရှိ အန်အယ်လ်ဒီအစိုးရက ၂၀၁၇ ခုနှစ်​ကစပြီး အသက်​ ၉၀ ပြည့် သက်​ကြီးပင်​စင်​ကို စတင်​​ပေးအပ်​ခဲ့ကာ မြင်းခြံမြို့နယ်​မှာ​တော့ အသက်​ ၉၀ နှစ်​ ပြည့်​အထက်​ ၃၄၄ ဦးကို မြင်းခြံမြို့နယ်​ လူမှုဝန်​ထမ်းဦးစီးဌာနက ​တလ ၁၀၀၀၀ ကျပ်​နှုန်းနဲ့ ​စတုတ္ထ ၃ လပတ်​အထိ ​ပေးအပ်​ခဲ့ပြီးလည်း ဖြစ်​ပါတယ်​။ သတင်း - ရီရီထွန်း(မြင်းခြံ)
3 years Ago
Up