သက်ဆင်ရှင်နာဝပ်

February 22, 2016

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ဆွေးနွေးရန် ကမ်းလှမ်းချက် ထိုင်းအစိုးရ ပယ်ချ

တိမ်းရှောင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းချက်ကို ထိုင်းအစိုးရက ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပယ်ချလိုက်ပြီး တရားဥပဒေအတိုင်း လိုက်နာရမှာသာ ဖြစ်တယ်လို့ ပြောကြားပါတယ်။ မစ္စတာသက်ဆင်က စင်ကာပူ Financial Times သတင်းစာနဲ့ လတ်တလော မေးမြန်းခန်းမှာ ဆွေးနွေးဖို့ အစိုးရကို ကမ်းလှမ်းခဲ့တဲ့အပေါ် ထိုင်းဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး တနာဆက် ပတီမာရာဂွန်က တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ ပြစ်ဒဏ်စီရင်ခံထားရတဲ့ ရာဇ၀တ်သားတဦးနဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ ဒု-၀န်ကြီးချုပ်က ပြောဆိုပြီး အရာရာတိုင်းဟာ ဥပဒေအတိုင်းပဲ ဖြစ်ရမယ်လို့ သူက ပြောပါတယ်။ အင်တာဗျူးမှာ မစ္စတာသက်ဆင်က သူ့အနေနဲ့ ကြိုတင်ကန့်သတ်ချက်မရှိဘဲ ဆွေးနွေးရအောင် ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဒီမိုကရေစီကို ပြန်လှည့်ဖို့အတွက် ထိုင်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လမ်းပြမြေပုံ အစီအစဉ်ကို နိုင်ငံတကာကို ချပြဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
5 years Ago

October 13, 2015

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးက ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို အောက်တိုဘာ ၁၂ ရက်နေ့က  ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ စစ်တပ်ကို အသရေဖျက်မှု စွပ်စွဲချက်အတွက် တရားရုံးက ဆင့်ခေါ်ပေမယ့်  ပျက်ကွက်တဲ့အတွက် အခုလို ဖမ်းဝရမ်း ထုတ်လိုက်တာပါ။ သက်ဆင်ဟာ တောင်ကိုရီးယားမှာ မေ ၁၉ ကနေ ၂၂ ရက်အတွင်း ဆင်ဟွာသတင်းဌာနနဲ့ အင်တာဗျူးမှာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စကားတွေ ပြောခဲ့တယ်ဆိုပြီး စစ်တပ်က စွပ်စွဲတဲ့အမှု ဖြစ်ပါတယ်။ အမှုကို တရားရုံးက လက်ခံပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ တရားလိုဘက်ကရော၊ တရားခံဘက်ကပါ သက်သေတွေကို တင်ပြဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် သက်ဆင်ရဲ့ရှေ့နေက သူ့အမှုသည်ဟာ ပြည်ပနိုင်ငံမှာ ရောက်နေတာကြောင့် ရုံးတော်ကိုလာဖို့ မဖြစ်နိုင်ဘူးလို့ လျှောက်လဲချက် ပေးခဲ့ပြီးနောက် ရုံးတော်က ဖမ်းဝရမ်း ထုတ်လိုက်တာပါ။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းတဲ့ အချိန်ကစလို့ ပြည်ပမှာ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။
6 years Ago
Up