ဝေဘာဂီအထူးကုဆေးရုံ

October 7, 2020

ဝေဘာဂီအထူးကုဆေးရုံအတွက် အောက်ဆီဂျင်လှူဒါန်းနိုင် (ဓာတ်ပုံ)  

ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး ရှေ့တန်းက တာဝန်ထမ်းဆောင်နေတဲ့ ဝေဘာဂီ အထူးကု ဆေးရုံကြီးမှာ  ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ အသုံးပြုဖို့ အောက်စီဂျင်အိုး ၁၀၀ လောက် နေ့စဉ်  အသုံးပြုနေရတယ်လို့  ဝေဘာဂီ အထူးကု ဆေးရုံကြီးက သိရပါတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာ ဝေဘာဂီ အထူးကု ဆေးရုံကြီးမှာ  အောက်စီဂျင်အရေးပေါ် လိုအပ်နေလို့ နာရေးကူညီမှုအသင်း (ရန်ကုန်)က နေ့စဉ် အောက်စီဂျင်အိုး (၄၀ မှ ၅၀)အိုးကြား တောင်ဥက္ကလာစက်မှုဇုန်ကနေ  သွားရောက်ဝယ်ယူ လှူဒါန်းပေးနေတာဖြစ်ပြီး အလှူရှင်တွေ ထပ်မံလိုအပ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆလင်ဒါအိုးနဲ့ အောက်စီဂျင်ဓာတ်ငွေ့ လှူဒါန်းပေးမယ့် အလှူရှင်တွေကို နာရေးကူညီမှုအသင်းကဖိတ်ခေါ်နေပြီး ဆလင်ဒါအိုး ၁  လုံးကို ကျပ်  ၁၈၀,၀၀၀၊ အောက်စီဂျင် ဓာတ်ငွေ့ ၁ လုံးပြန်ဖြည့်လျှင် ကျပ် ၃၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကတော့ ဆေးရုံတွေမှာ အောက်စီဂျင်လိုအပ်ပါက တပ်မတော်အနေနဲ့ ပေးပို့သွားမယ်လို့ ပြောကြားထားပါတယ်။   Photo - Ye Myo Khant / MPA
7 months Ago

April 26, 2020

အတည်ပြုလူနာများထဲက လူနာ ၃ ဦးကို အထူးကြပ်မတ်ကုသပေးနေ

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက လူနာ ၃ ဦးကို သက်ဆိုင်ရာ ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသပေးနေပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်နေတယ်လို့ ကျန်းမာရေးဌာနက မနေ့ညနေက ထုတ်ပြန်ပါတယ်။ အထူးကြပ်မတ်ကုသပေးနေတဲ့သူတွေကတော့ ဝေဘာဂီအထူးကုဆေးရုံကြီးက ၂ ဦးနဲ့ တောင်ဥက္ကလာပအထူးကု ဆေးရုံက ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဧပြီ ၂၅ ရက်ညနေပိုင်း ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၂ ခုနဲ့ ဆေးသုတေသနဦးစီးဌာန (DMR) က စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၄၀၊ ခု စုစုပေါင်း ၁၃၂ ခုတို့မှာ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဧပြီ ၂၅ ရက်နေ့ ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၄ ဦး ရှိပြီဖြစ်ပြီး မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာအမှတ် ၂၇ ရဲ့ ဓာတ်ခွဲနမူနာတွေကို နှစ်ကြိမ် ဆက်တိုက် စစ်ဆေးချက်အရ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူ ၁၀ ဦးရှိပြီး သေဆုံးသူ ၅ ဦး ရှိပါတယ်။ ဧပြီ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၁၁၀ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
1 year Ago
Up