ဝိန်းရွန်နီ

May 18, 2020

နည်းပြဗန်ဟားလ်ထံမှ သင်ယူစရာ အများဆုံးရခဲ့ဟု ဝိန်းရွန်နီပြော

တခြားနည်းပြတွေထက် နည်းပြ ဗန်ဟားလ်ဆီက သင်ယူစရာတွေ ပိုမိုရရှိခဲ့တယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ပြောလိုက်ပါတယ်။  နယ်သာလန်နည်းပြ ဗန်ဟားလ်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ မန်ယူအသင်းမှာ နှစ်ရာသီကြာ ကိုင်တွယ်ခဲ့တာပါ။ အဲဒီအချိန်က ဝိန်းရွန်နီဟာလည်း အသင်းခေါင်းဆောင်အဖြစ် ကစားနေချိန်ဖြစ်ပါတယ်။  တခြားနည်းပြတွေထက် နည်းပြ ဗန်ဟားလ်ဆီကနေ သင်ယူလေ့လာမူတွေပိုမိုရှိခဲ့ပြီး ယူနိုက်တက်အသင်းက သူ့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ်မှာ  ဝမ်းနည်းခဲ့ရတယ်လို့ ရွန်နီကပြောပါတယ်။  ဗန်ဟားလ်နဲ့ အတူလက်တွဲ လုပ်ဆောင်ခဲ့ရတာဟာ ပျော်ရွှင်စရာကောင်းပြီး သူ့ကိုသာ ဆက်လက်တာဝန်ယူစေခဲ့မယ်ဆိုရင် ပိုကောင်းတဲ့အသင်းဖြစ်လာနိုင်ကြောင်း၊ ဗန်ဟားလ်ရဲ့ နည်းစနစ်နဲ့ အသားကျသွားတဲ့အချိန်ရောက်မှ  အသင်းကထုတ်ပယ်ခဲ့တာဖြစ်ကြောင်း ရွန်နီက ဆိုပါတယ်။  နည်းပြဗန်ဟားလ်ဟာ ၂၀၁၆ ခုနှစ် အက်ဖ်အေလားမှာ ချန်ပီယံဆုဖလား ရယူပေးခဲ့ပြီးနောက် ၂၄ နာရီမပြည့်ခင်မှာ မန်ယူအသင်းက မော်ရင်ဟိုကို အစားထိုးခန့်အပ်ခဲ့တာပါ။  ရွန်နီဟာ လက်ရှိအချိန်မှာတော့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းမှာ ကစားသမား၊ နည်းပြအဖြစ် တာဝန်ယူနေပါတယ်။ 
12 months Ago

March 16, 2020

ဗြိတိန်အစိုးရနှင့် ဘောလုံးတာဝန်ရှိသူများကို ဝိန်းရွန်နီ ဝေဖန်

ဘောလုံးသမားတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရနဲ့ ဘောလုံး တာဝန်ရှိသူတွေကို ဝိန်းရွန်းနီက ဝေဖန်လိုက်ပါတယ်။  ဒါဘီနည်းပြ၊ ကစားသမားအဖြစ် တာဝန်ယူနေတဲ့ ရွန်းနီဟာ ကိုရိုင်နာဗိုင်းရပ်စ်ကိစ္စနဲ့ ပတ်သက်ပြီး ဘောလုံးသမားတွေအပေါ်မှာ ပြုမူဆက်ဆံပုံကို မကျေနပ်ပဲ ဖြစ်နေတာပါ။  အင်္ဂလန်လိဂ်ပွဲစဉ်တွေအားလုံးကို သောကြာနေ့ရောက်မှာ ရပ်နားထားဖို့ ဆုံးဖြတ်ခဲ့တာဟာ နောက်ကျခဲ့ကြောင်း၊ နည်းပြအာတီတာ ကိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့အချိန်ရောက်မှ ပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့ အဲဒီလိုပွဲတွေ ရပ်နားဖို့အတွက် အစောပိုင်းကတည်းက လုပ်ဆောင်ထားသင့်ကြောင်း ဗြိတိန်စိုးရနဲ့ ဘောလုံးတာဝန်ရှိသူတွေကို ရွန်းနီက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားတွေရဲ့ မိသားစုဝင်တွေဟာလည်း စိုးရိမ်ကြောင့်ကြမှုတွေ ရှိခဲ့တယ်လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။
1 year Ago
Up