ဝမ်းတွင်းမြို့နယ်

April 20, 2021

ဝမ်းတွင်းမြို့နယ်၌ စစ်တပ်က ရွာထဲဝင်ရောက် ပစ္စည်းလုယက် ဖျက်ဆီးပြီး ရွာသား ၄၀ ခန့်ကို ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ရွာသားတွေရဲ့  ​​ရွှေ၊ ​​ငွေတွေကို လုယက်၊ ဆိုင်ကယ်တွေကို ဖျက်ဆီးပြီး ရွာသားအယောက်  ၄၀ လောက်ကို ဖမ်းဆီးသွားပါတယ်။

ခင်ကြီးကျေးရွာက ကျောင်းထဲမှာ ဧပြီ ၁၉ ရက်​နေ့က CDM မလုပ်တဲ့ဆရာမ​တွေက ကျောင်းဖွင့်ဖို့သန့်ရှင်း​ရေးလုပ်ရာ ပြည်သူတွေက သံပုံးတီးမောင်းထုတ်ခဲ့လို့  ဆရာမ​တွေ ထွက်​ပြေးကြပြီးမကြာခင် စစ်ကား ၅ စီး​ရောက်ရှိလာပြီး အသံဗုံး​ ၄ ချက်ခွဲခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၀ ရက် မနက်ပိုင်းမှာလည်း  စစ်ကားတွေ ထပ်မံ​ရောက်ရှိလာပြီး အိမ်​တွေထဲ အထိအဝင်​ရောက်ရှာ​ဖွေကာ ​​ရွှေ၊ ​​ငွေ စတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ယူငင်သွားသလို ​ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးသွားတယ်  ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။ 

​နေ့လည်ပိုင်းမှာလည်း စစ်တပ်က ထပ်မံ​ရောက်ရှိလာပြီး ဒလန်ရဲ့သတင်း​ပေးမှု​ကြောင့် ရွာအပြင်ဘက်​တောထဲမှာ ပုန်းအောင်း​နေ​တဲ့ ရွာသား အယောက်  ၄၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

3 weeks Ago

January 14, 2021

ဝမ်းတွင်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ရိုက်နှက်မှုဖြင့် အမှုဖွင့်ခံရ 

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးရွာမှာ အရက်မူးပြီးဆဲနေသူကို သွားရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို ရိုက်နှက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းကနေ သိရပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက  "အရက်မူးပြီး ဆူပူသောင်းကျန်းနေ တယ် လာတိုင်လို့ သွားဖမ်းတာ ထွက်ပြေးသွားတယ်။ အပြန် အရက်ဆိုင်ရှေ့ကအဖြတ် ရဲတွေကိုဆဲနေလို့ ဖမ်းပြီး ဆိုင်ကယ်နဲ့ ခေါ်လာတယ် ရုန်းကန်နေတော့ ဆိုင်ကယ်လဲပြီး သတိမေ့သွားတာကို ရိုက်နှက်ပါတယ် ဆိုပြီး အမှုဖွင့်ခံရတာပါ"လို့ ပြောပါတယ်။ ခင်ကြီးရွာမှာ အမျိးသားတစ်ဦး အရက်မူးပြီး ဆူပူနေလို့ ထိန်းသိမ်းဖမ်းဆီးပေးဖို့ တိုင်ကြားလာတာကြောင့် နယ်ထိန်း ရဲတပ်သား ဟိန်းထက်နေဇော်ပါ ၄ ယောက်ဟာ ခင်ကြီးရွာကို သွားခဲ့ရာ မူးယစ်ဆူပူနေသူထွက်ပြေးသွားလို့ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ရွာကနေပြန်လာစဉ် လမ်းမှာ အရက်ဆိုင်ရှေ့အဖြတ်မှာ အနိုင်(ခ)မင်းနိုင်(၃၆နှစ်)က ဆဲဆိုနေတာကြောင့် ရဲက ဝင်ရောက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။  ဒီနောက် အနိုင်(ခ)မင်းနိုင်ဟာ ဝမ်းတွင်းဆေးရုံကို ဒဏ်ရာတွေနဲ့ သတိမေ့မြောလျက် ရောက်ရှိလာခဲ့ပြီး ဝမ်းတွင်းဆေးရုံနေ  မန္တလေးဆေးရုံကို လွှဲပြောင်းပေးခဲ့ကာ ဦးခေါင်းခွဲစိပ် ကုသနေရပါတယ်။ ခင်ကြီးရွာနေကိုတင့်လွင်က "မူးဆူနေတယ်ဆိုပြီး အတိုင်ခံရတာက တစ်ယောက် ရိုက်နှက်ခံရတာက တစ်ယောက်ပါ။ လူနာက မန္တလေးဆေးရုံမှာ ခွဲစိပ်ကုသနေရတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့ညက ဖြစ်တာ ၃ ရက်ရှိပြီ ဒီနေ့အထိတော့ သတိမရသေးဘူး။ ရဲတွေကိုဆဲလို့ ဆိုပြီး ထိုးကြိတ်ရိုက်နှက် လိုက်တာပါ။ ရွာကလူတွေ အကုန်သိပါတယ်"လို့ ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အနိုင်(ခ)မင်းနိုင်ရဲ့ အစ်မဖြစ်သူက တရားလိုလုပ်ပြီး နယ်ထိန်းရဲတပ်သား ဟိန်းထက်နေဇော်ပါ ၄ ဦးကို အမြင့်ဆုံးပြစ်ဒဏ် ထောင် ၇ နှစ်အထိကျနိုင်တဲ့ တုံးသောလက်နက်နဲ့ အပြင်းအထန် နာကျင်စေမှု၊ အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း
4 months Ago
More News
Up