ဝန်ထမ်း နှစ်ဦး

May 25, 2020

ပရီးမီးယားလိဂ် ကစားသမားနှင့်ဝန်ထမ်း နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

အင်္ဂလန် ပရီးမီးယားလိဂ် အသင်း  ၂ သင်းက ကစားသမားနဲ့ ဝန်ထမ်း ၂ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထပ်မံတွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။  ပြီးခဲ့တဲ့ မေလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာလည်း ကစားသမားနဲ့ ဝန်ထမ်း ၇၄၈ ဦးကို ကနဦးစစ်ဆေးခဲ့ရာမှာ ၆ ဦး ပိုးတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။  ဒုတိယအသုတ်အဖြစ် ကစားသမားနဲ့ ဝန်ထမ်းစုစုပေါင်း ၉၉၆ ဦးကို  မေ ၁၉၊ ၂၁ နဲ့ ၂၂ ရက်တွေမှာ ဆက်လက်စစ်ဆေးခဲ့ပြီး ၂ ဦး ထပ်တွေ့ခဲ့တာပါ။  ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့ ပိုးတွေ့ရှိသူ ၂ ဦးကို အသေးစိတ်ပြောပြမှာမဟုတ်ဘဲ ၇ ရက် သီးသန့်နေထိုင်စေပြီး ထပ်မံစစ်ဆေးသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။  ပထမအသုတ် ပိုးတွေ့ရှိခဲ့သူ ၆ ဦးထဲမှာ ဝက်ဖို့ဒ်နောက်ခံလူ  မာရစ်ပါနဲ့  ကစားသမားမဟုတ်တဲ့ တခြားဝန်ထမ်း ၂ ဦး၊ ဘန်လေ လက်ထောက်နည်းပြ ဝိုယန်တို့လည်း ပါဝင် ခဲ့တယ်လို့ သိရပါတယ်။  ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချတ်မာစတာကတော့ လုံခြုံစိတ်ချရတဲ့ ဝန်းကျင်တခုရှိတဲ့အချိန်ရောက်မှ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်စတင်မယ်လို့ ပြောထားပါတယ်။
1 year Ago
Up