ဝတ်ပြု

May 17, 2020

ဩစတြေးလျတွင် ကန့်သတ်ချက်များ ဖြေလျှော့ပြီး လူအကန့်အသတ်ဖြင့် ဘုရားဝတ်ပြု

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်စ်ပြည်နယ်မှာ အသွားအလာ ပိတ်ပင်ထားတဲ့ ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တဲ့အတွက် ခရစ်ယာန် ကက်သလစ်ဘာသာဝင်တွေဟာ  ပထမဆုံး တနင်္ဂနွေနေ့ ဘုရားရှိခိုးပွဲကို လူ ၁၀ ဦး အကန့်အသတ်နဲ့ လူချင်းခွာပြီး  ပြန်ဝတ်ပြုခွင့် ရခဲ့ပါတယ်။ လက်ဆွဲနှုတ်ဆက်ကြမယ့်အစား ငြိမ်းချမ်းရေးသင်္ကေတ လုပ်ပြဖို့လည်း တိုက်တွန်းထားပါတယ်။ ဆစ်ဒနီမြို့ ဆင်ခြေဖုံးဖြစ်တဲ့ လိန်းကို့ဗ်က စိန့်မိုက်ကယ်ဘုရားကျောင်းမှာ လူ ၁၀ ဦးနဲ့သာ ဘုရားရှိခိုးရပေမယ့် ဝမ်းသာတယ်လို့  ဖာသာ ဂျော်ဖရီပလန့်က ပြောပါတယ်။  ဘုရားကျောင်းတက်ပြီး ဆုတောင်းပွဲ ပါဝင်ချင်သူတွေဟာ ကြိုတင်စာရင်းသွင်းထားကြရ ပါတယ်။  ဩစတြေးလျဟာ COVID-19 အတည်ပြုလူနာဦးရေ ၇,၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၉၈ ဦးပဲ ရှိတာမို့ မြောက်အမေရိကနဲ့ ဥရောပတို့ထက်စာရင် ထူးထူးခြားခြား နည်းပါးတဲ့နှုန်း ဖြစ်ပါတယ်။  ဒါပေမဲ့ ကျန်းမာရေးတာဝန်ရှိသူတွေကတော့ စောင့်ကြည့်မှုကို ဆက်လုပ်ဖို့နဲ့ သတိဆက်ရှိကြဖို့ တိုက်တွန်းထားတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။ 
12 months Ago

April 26, 2020

ဒါကာတွင် ရာမာဒန်ဥပုသ်လ ဗလီများပိတ်၊ အိမ်တွင် ဝတ်ပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ခါတိုင်းဆိုရင် ရာမာဒန် ဥပုသ်လအတွင်း လမ်းတွေပေါ် ယာဉ်တွေနဲ့ လူတွေ၊ စည်ကားနေပေမယ့် ခုတော့ ဗလီတွေကို ပိတ်ထားပြီး လမ်းတွေမှာလည်း လူသူကင်းမဲ့နေပါတယ်။  အထူးသဖြင့် တမြို့လုံး အသွားအလာ၊ အဝင်အတွက် ပိတ်ဆို့ ကန့်သတ်ထားတဲ့ ဧပြီ ၂၄ ရက်က ရာမာဒန်ဝတ်ပြုပွဲမှာတောင် လူမရှိပါဘူး။ လူနေထူထပ်တဲ့ ဒါကာမြို့ ဘာသာရေးအဆောက်အအုံတွေကနေ ဝတ်ပြုဖို့ ဆော်သြ သံတွေကို ကြားနေရပါတယ်။  ဒါပေမယ့် ဘယ်သူမှ ဗလီမတက်သလောက် ဖြစ်နေပြီး အိမ်တွေကနေပဲ ဝတ်ပြုနေကြတာ ပါ။  ဒါကာမြို့ကို တလကြာ အသွားအလာ ကန့်သတ်မှုက ဧပြီ ၂၅ ရက်မှာ သက်တမ်းကုန်တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ မေလ ၅ ရက်ထိ သက်တမ်း တိုးထားပါတယ်။
1 year Ago
Up