ဝင်စီး

November 6, 2020

ရုရှားအစိုးရဝေဖန်သူ အလက်ဇီနာဗင်ညီ၏ ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်စီး

ရုရှားအစိုးရဝေဖန်သူ အလက်ဇီနာဗင်ညီရဲ့  မော်စကိုမြို့ရှိ ခြစားမှုတိုက်ဖျက်ရေး ဖောင်ဒေးရှင်းရုံးခန်းကို နိုဝင်ဘာလ ၅ ရက်မှာ  ရုရှားရဲတွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။  အဲဒီအဖွဲ့အစည်းရဲ့ ဒါရိုက်တာကို    အမှုဖွင့် စုံစမ်းနေတယ်လို့  ပြည်နယ်တရားရုံး ဝန်ထမ်း တွေက ပြောပါတယ်။   ရဲတွေ ရုံးခန်း ဝင်စီးနေတဲ့ ဓာတ်ပုံတွေကို နာဗင်ညီက  ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။ ဒီစီးနင်းမှုဟာ   တရားရုံးအမိန့် လိုက်နာဖို့ ပျက်ကွက်မှုအတွက် အဖွဲ့ဒါရိုက်တာ  အီဗန်ဇီဒန်နော့ဗ်အပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းတာနဲ့ သက်ဆိုင်တယ်လို့ တရားရုံးဝန်ထမ်း တွေကို ကိုးကားပြီး  ရုရှားနိုင်ငံပိုင်မီဒီယာ  RIA  ကဖော်ပြပါတယ်။   မော်စကို ကျောင်းကန်တင်း ကုမ္ပဏီ တစ်ခုကို အသရေဖျက်မှုနဲ့   နာဗင်ညီရဲ့ ဖောင်ဒေးရှင်း နဲ့ နာဗင်ညီရဲ့ထောက်ခံသူ  လူဘော့ဆော်ဘွန်တို့ကို လျော်ကြေး ရူဘယ် ၂၉ သန်း စီ ပေးလျော်ဖို့ မော်စကိုတရားရုံးက ပြီးခဲ့တဲ့ လတုန်းက အမိန့်ချခဲ့ပါတယ်။ ရုရှားအစိုးရ ဝေဖန်သူတွေကတော့ ဒီလို တရားစွဲဆိုမှု ၊ ဝင်ရောက်စီးနင်းမှုတွေဟာ သူတို့ လုပ်ငန်းတွေ ထိခိုက်အောင် ရည်ရွယ်တဲ့ လုပ်ဆောင်ချက် တစိတ်တဒေသ ဖြစ်တယ်လို့  သဘော ထားကြပါတယ်။    
6 months Ago

September 19, 2020

ထိုင်းဆန္ဒပြသူများ ဘန်ကောက်သမ္မာဆတ်က္ကသိုလ်ကို ဝင်စီး

ထိုင်းဆန္ဒပြသူတွေဟာ  ဘန်ကောက်ရှိ သမ္မာဆတ်တက္ကသိုလ်ဝင်းတံခါးကို စက်တင်ဘာလ ၁၉ ရက်က ချိုးဖျက်ဝင်ရောက်ခဲ့ပါတယ်။  ထိုင်းစစ်တပ်နဲ့ တော်ဝင်မျိုးနွယ်ကို အတိုက်အခံလုပ်ရာနေရာအဖြစ် အတော်ကြာကြာ ရှုမြင်ထားတဲ့ သမ္မာဆတ်တက္ကသိုလ်ကျောင်းဝင်းပတ်လည်မှာ ရာနဲ့ချီတဲ့ကျောင်းသားတွေ စုဝေးခဲ့ ပါတယ်။   အဲဒီနောက် ဆန္ဒပြကျောင်းသားတွေနဲ့ ကျောင်းတာဝန်ရှိသူတို့ မိနစ်အနည်းငယ် ညှိနှိုင်း ပြီးနောက်မှာ  ကျောင်းသားတွေက ကျောင်းဝင်းတံခါးကို ချိုးဖျက်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။  ဆန္ဒပြသူတွေဟာ စစ်ဘက်ခေါင်းဆောင်ဟောင်းနဲ့ လက်ရှိ ဝန်ကြီးချုပ်ကို ရာထူးက ဖယ်ရှားရေး၊ ဖွဲ့စည်းပုံဥပေဒသစ် ပြဋ္ဌာန်းရေးနဲ့ ရွေးကောက်ပွဲ ကျင်းပပေးရေးတို့ကို တောင်းဆိုကြ ပါတယ်။  ဆန္ဒပြခေါင်းဆောင်တချို့က ထိုင်းဘုရင် ဝချီရာ လောင်ကွန်းရဲ့အာဏာကို ကန့်သတ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ တောင်းဆိုထားသလို ဆန္ဒပြပွဲတွေ ရပ်တန့်ဖို့ အာဏာပိုင်တွေက ဖိအားပေးနေပေမယ့်လည်း သူတို့က အဲဒီတောင်းဆိုချက်တွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ ကတိပြု ထားပါတယ်။  ထိုင်းနိုင်ငံရေးဟာ ဆင်းရဲသား၊ မြို့ပြနဲ့ကျေးလက်မဲဆန္ဒရှင်တွေ ထောက်ခံတဲ့ နိုင်ငံရေးသမားတွေက တော်ဝင်မျိုးနွယ်နဲ့ စစ်တပ်ကို  စိန်ခေါ်တဲ့  အမှတ်သညာဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကာလတွေမှာတော့ ကျောင်းသားတွေကပါ နိုင်ငံရေးသမားတွေကို ထောက်ခံလာခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
8 months Ago
Up