ဝင်ခွင့်ရနိုင်ဆဲ

July 3, 2020

အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဆဲဟု နောက်ခံလူဘယ်လာရင် ပြော

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးရှိနေဆဲဖြစ်တယ်လို့ နောက်ခံလူ ဘယ်လာရင်က ပြောပါတယ်။  အာဆင်နယ်အသင်းဟာ လက်ကျန်ပွဲစဉ် ၆ ပွဲအလိုမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အဆင့်လေး နေရာက ချဲလ်ဆီးနဲ့ ၈ မှတ်ကွာဟာနေတာပါ။  ပရီးမီးယားလိဂ်ပြန်လည်စတင်ခဲ့ပြီးနောက် မန်စီးတီးနဲ့ ဘရိုက်တန်အသင်းတွေကို ရှုံးခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ နောဝှစ်ချ် အသင်းတွေကို အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သေးကြောင်း ဘယ်လာရင်က ပြောပါတယ်။  ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ရာသီအစကတည်းက မျှော်မှန်းထားတဲ့ရည်မှန်းချက်ဖြစ်ပြီး အသင်းရဲ့ခြေစွမ်းဟာလည်း တိုးတက်မှု ရှိလာနေတယ်လို့ ဘယ်လာရင်က ဆိုပါတယ်။  ဒီနေ့ခတ်မှာ ပုံမှန်ဂိုးသွင်းပေးနိုင်တဲ့ တိုက်စစ်မှူး ရှားပါးတာကြောင့်  တိုက်စစ်မှူး အူဘာမီယန်း အသင်းမှာရှိနေတာက ကျေနပ်စရာဖြစ်တယ်လို့လည်း ဘယ်လာရင်က ချီးကျူးခဲ့ပါတယ်။ 
1 year Ago
Up