ဝက်ဖို့ဒ်

March 10, 2019

မန်စီးတီးက ၀က်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယား ဆက်ဦးဆောင် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာစီးတီးက ၀က်ဖို့ဒ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုး ၃ ဂိုးစလုံးကို တိုက်စစ်မှူး စတာလင်းက ဒုတိယပိုင်းမှာ သွင်းယူပြီး  ဟက်ထရစ် ရသွားတာပါ။ မန်စီးတီးက အိမ်ကွင်းမှာ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲသလို ဂိုးပေါက် ကန်သွင်းခွင့် ၈ ကြိမ် ရခဲ့ပါတယ်။ ၀က်ဖို့ဒ်အတွက် တလုံးတည်းသော ချေပဂိုးကို ၆၆ မိနစ်မှာ ဒီလိုဖူးက သွင်းယူပါတယ်။ ၀က်ဖို့ဒ် ဒီပွဲမှာ တကြိမ်ပဲ ဂိုးပေါက် ကန်သွင်းခွင့်ရပြီး ချေပဂိုး ၁ ဂိုး ယူနိုင်ခဲ့တာပါ။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး စတာလင်း အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးက ၇၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်ဦးဆောင်နေပါတယ်။ ၀က်ဖို့ဒ်ကတော့ ၄၃ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။
2 years Ago

September 16, 2018

မန်ယူက ဝက်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ(ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ ရလဒ်တွေ မကောင်းလို့ ဝေဖန်ခံနေရတဲ့ မန်ယူအသင်းက အဝေးကွင်းမှာ ဝက်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကို ၃ မိနစ်အတွင်းမှာ သွင်းယူတာပါ။ ပထမဂိုးကို ၃၅ မိနစ်မှာ တိုက်စစ်မှူး လူကာကူ၊ ဒုတိယဂိုးကို ၃၈ မိနစ်မှာ နောက်တန်းသမား စမောလင်းက သွင်းယူပါတယ်။ မန်ယူအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ ဝက်ဖို့ဒ်က ပိုရခဲ့တာပါ။ ဒီပွဲမှာ မန်ယူ ကွင်းလယ်သမား ဖယ်လိုင်နီ ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ဝက်ဖို့ဒ်အတွက် ချေပဂိုးကို ၆၅ မိနစ်မှာ ဂရေးက သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ မန်ယူနည်းပြ မော်ရင်ဟိုလည်း ဖိအားတွေကနေ သက်သာရာ ရသွားပါတယ်။ မန်ယူဟာ ကစားထားတဲ့ ၅ ပွဲမှာ ၉ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။
3 years Ago
Up