လွှတ်တော်ကိုယ်စားလှယ်

September 7, 2021

ကြို့ပင်ကောက်တွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ် ဗုံးပေါက်ကွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်ခိုင်ဖြိုးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းရဲ့ နေအိမ်မှာ စက်တင်ဘာ ၆ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက "သူက ကြံ့ခိုင်ရေးပါတီက အမတ်လောင်းဖြစ်ပြီး နာမည်ကြီးပျူစောထီးခေါင်းဆောင်ပေါ့။ ပေါက်ကွဲမှုဖြစ်ပြီး မြို့ထဲမှာ စစ်သားတွေ သေနတ်တွေဖောက် သောင်းကျန်းနေကြတယ်" လို့ ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းဟာ ကြို့ပင်ကောက်မြို့၊ ပန်းတင်ရပ်ကွက်၊ လမ်းသစ်တန်းလမ်းမှာနေထိုင်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတဦးဖြစ်တယ်လို့ သိရပါတယ်။

ဒီဗွီဘီက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဦးမြင့်သိန်း ရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

2 weeks Ago

August 25, 2021

မတ္တရာမြို့တွင် လွှတ်တော်ကိုယ်စားလှယ်ကို မတွေ့သဖြင့် ဖခင်ဖြစ်သူအား စစ်ကောင်စီဖမ်းဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့မှာ ဩဂုတ်လ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း နေအိမ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းရာမှာ မတွေ့တဲ့အတွက်  ဖခင်ဖြစ်သူကို ဖမ်း‌ဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတဦးက “စစ်အင်အား ၄၀ လောက်နဲ့ဝင်စီးတာ။ ကိုမင်းမင်းမတွေ့လို့ သူအဖေ ဦးကျော်ညွန့်ကို ဖမ်းသွားကြတယ်။ ကိုမင်းမင်းတို့က မနေတာကြာပြီ၊ သူ့အမေနဲ့အဖေပဲ နေ နေကြတာ။ လတ်တလော မတ္တရာရဲစခန်းကို ခေါ်သွားတယ်” လို့ ပြောပါတယ်။

ကိုယ်စားလှယ်နေအိမ်ကနေ အခြားပစ္စည်းတွေကို သိမ်းဆည်းတာတွေလည်း ရှိပြီး အသေးစိတ်စာရင်း အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

လတ်တလောကာလအတွင်း အာဏာသိမ်းစစ်ကောင်စီဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေကို အဓိကပစ်မှတ်ထား ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

4 weeks Ago
More News
Up