လွမ်းသူ့ပန်းခွေ

May 14, 2021

လှိုင်သာယာတွင် ကျဆုံးသူရဲကောင်းများအတွက် ၂ လပြည့်လွမ်းသူ့ပန်းခွေချ

ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက်  ဒေသခံတွေက ဒီနေ့ လွမ်းသူ့ပန်းခွေချပြီး ဆုတောင်းပေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂ လ မတ်လ ၁၄ ရက်နေ့မှာ လှိုင်သာယာမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက နေဝင်ချိန်အထိ  အလောင်းကောက်ဖို့ တောင်မရလောက်အောင် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုတွေလုပ်ခဲ့လို့ ပြည်သူတွေ အများအပြား သေဆုံး ဒဏ်ရာရခဲ့ကြတာပါ။

နောက်ပိုင်းမှာလည်း လှိုင်သာယာကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး  မတရားဖိနှိပ်ဖမ်းဆီးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။ 

3 months Ago
Up