လွတ်မြောက်

April 17, 2021

ဒေါင်းတို့မျိုးဆက်သံချပ်အ‌ဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်းတို့ လွတ်မြောက်

အင်းစိန် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သူတွေထဲမှာ NLD အစိုးရလက်ထက် စစ်တပ်ဆန့်ကျင်ရေး သံချပ်ထိုးခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အ‌ဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲံ ကိုပိုင်ဖြိုးမင်းတို့ ပါဝင်‌ခဲ့ပါတယ်။

နိုင်ငံတော် အာဏာကို အဓမ္မရယူသိမ်းပိုက်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၈၀၀ ကျော်လွတ်မြောက်လာခဲ့ပါတယ်။

တစ်နိုင်ငံလုံးမှာ အကျဉ်းသား ၂၃ဝဝဝ ကျော် ပြန်လွတ်ခဲ့ပေမဲ့ ဆန္ဒပြလူငယ်တွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေကို ဖမ်ဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

Photo - MPA

4 weeks Ago

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၃ ဦး လွတ်မြောက်လာ

မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ နှစ်သောင်းကျော်လွှတ်ပေးရာမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်သုံးဦးဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ လွတ်မြောက်လာတယ်လို့ မိသားစုဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အခွင့်ထူးခံဖြစ်နေမှုတွေကို သံချပ်နဲ့ ဝေဖန်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်က ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်တွေကို တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့တာပါ။

အခုလွတ်မြောက်လာသူတွေထဲက ကိုဇေယျာလွင်နဲ့ ကိုပိုင်ဖြိုးမင်းတို့ကတော့ ထောင်ဒဏ်ခြောက်နှစ်စီ ချခံထားရပြီး ကိုပိုင်ရဲသူကတော့ ထောင်ဒဏ် ၅နှစ်ခွဲ ချခံခဲ့ရတာပါ။

အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့မှာ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂၃၄၀၇ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ လွှတ်ပေးတယ်ဆိုပြီး ကြေညာထားပါတယ်။

4 weeks Ago

June 20, 2020

အမေရိကန်တွင် လူမည်းများ ကျွန်ဘဝက လွတ်မြောက်ခဲ့သည့်နေ့အထိမ်းအမှတ် လူထောင်ချီ ဆန္ဒပြ

ဇွန်လ ၁၉ ရက်ဟာ အမေရိကန်နိုင်ငံက လူမည်းတွေ  ကျွန်ဘဝက လွတ်မြောက်တဲ့ အထိမ်းအမှတ်  အားလပ်ရက်ဖြစ်တာမို့ အမေရိကန်မြို့ကြီးတွေမှာ လူပေါင်းထောင်ချီ  ပါဝင်ဆင်နွှဲ ချီတက်ခဲ့ပါတယ်။    မကြာသေးခင် သီတင်းပတ်တွေအတွင်း လူမျိုးရေး မညီမျှမှုတွေအတွက်  ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီးနောက်   ချီတက်သူတွေဟာ အတ္တလန္တာမြို့ကနေ  အုတ်ကလန်မြို့အထိ ကျွန်ဘဝက လွတ်မြောက်ခြင်း အထိမ်းအမှတ်နေ့နဲ့   ရဲတပ်ဖွဲ့ ညှဉ်းပန်းမှုကို  ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်တာကြောင့် အထိမ်းအမှတ်ပွဲ အတော်များများ  ပယ်ဖျက်ခဲ့ပေမယ့်   တက်ကြွလှုပ်ရှားသူတွေက စည်းလုံးညီညွတ်မှုကို  ပြတဲ့အနေနဲ့ လမ်း လျှောက်ချီ တက်ပွဲတွေ ၊ မော်တော်ကားနဲ့ လှည့်လည်ပွဲတွေ စီစဉ်ခဲ့ပါတယ်။  နှစ်စဉ်ကျင်းပတဲ့  ဇွန်လ  ၁၉ ရက် ကျွန်ဘဝက လွတ်မြောက်ခြင်း အထိမ်းအမှတ်ပွဲဟာ  ဒီနှစ်မှာတော့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးမှုကြောင့် ဖြစ်ပေါ်တဲ့ ဆန္ဒပြပွဲတွေ အပြီး ရောက်ရှိလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
11 months Ago
Up