လျော်ကြေးပေ

June 26, 2020

တောင်းပန်ပြီး လျော်ကြေးပေးပါက အမေရိကန်နှင့် ဆွေးနွေးမည်ဟု အီရန်သမ္မတပြော

၂၀၁၅ နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်တဲ့အတွက် အမေရိကန်က တောင်းပန်ပြီး အီရန်ကိုလျော်ကြေးပေးမယ်ဆိုရင် အမေရိကန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ပေးမယ်လို့ အီရန်သမ္မတ ဟတ်ဆန် ရောင်ဟာနီက ဇွန် ၂၄ ရက်မှာ ပြောပါတယ်။ အီရန်နဲ့ ဆွေးနွေးရေး အမေရိကန်ရဲ့ ဆော်သြချက်ဟာ ရိုးသားမှု မရှိဘူးလို့လည်း သူက သတိပေး တိုက်တွန်းပါတယ်။ အီရန်နဲ့ အမေရိကန်ကြား ထိပ်တိုက်တွေ့မှုဟာ ၂၀၁၈ ကတည်းက စပြီး ပိုဆိုးလာခဲ့တာပါ။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်က နုတ်ထွက်ပြီး အီရန် စီးပွားရေး ကြပ်တည်းစေတဲ့ ဒဏ်ခတ်မှုကို ချမှတ်ခဲ့ပါတယ်။ အမေရိကန်က အီရန်ကို သဘောတူညီချက်အသစ်အတွက် ဆွေးနွေးဖို့ ဖိအားပေးနိုင်ရေး ကြိုးစားနေပြီး အီရန်စီးပွားရေးကို ထိခိုက်စေခဲ့တဲ့ ဒဏ်ခတ်မှု တကျော့ပြန် ချမှတ်ခဲ့ပါတယ်။  အီရန်ကတော့ အမေရိကန်နဲ့ ဘယ်လိုဆွေးနွေးမှုကိုမဆို ငြင်းဆန်ခဲ့ပါတယ်။ ဇွန်လ အစောပိုင်းမှာတော့ အမေရိကန်သမ္မတ ထရမ့်ဟာ အီရန်ရဲ့ ဒေသတွင်းနိုင်ငံတွေ အပေါ် ကြားခံအဖွဲ့ထား စစ်ဆင်နွဲမှု အဆုံးသတ်ရေး၊ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နဲ့ နျူကလီးယား အစီအစဉ်ကို ပိုတင်းတင်းကြပ်ကြပ် ကန့်သတ်ရေး ရည်မှန်းထားတဲ့ သဘောတူညီချက် အသစ်အတွက် ထပ်ပြီး ဆော်သြချက်ကို တွစ်တာ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ အီရန် သမ္မတကတော့ အမေရိကန်နဲ့ အစ္စရေးတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ကို အမေရိကန်နဲ့ အစ္စရေးတို့က လိမ်လည်လှည့်ဖြားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အီရန်ဟာ IAEA နဲ့တော့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိဆဲလို့ ရောင်ဟာနီက ပြောခဲ့ပါတယ်။
11 months Ago

March 21, 2020

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် နစ်နာမှုမရှိစေရန် ဒေသခံများ တောင်းဆို

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် မိရိုးဖလာ မြေယာအစာထိုးပေးဖို့နဲ့ လျော်ကြေးပေးဖို့အပါအဝင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။ ကျောက်ဖြူမြို့နယ် ကုလာဘာကျေးရွာမှာ မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့  စီးပွားရေးဇုန်စီမံကိန်း အကောင်အထည့် မဖောင်ဆောင်ခင် ဒေသခံတွေက အခုလို သဘောထား ထုတ်ပြန်ခဲ့တာလို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့  ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။   “ပထမကတော့ မြေလွတ်မြေရိုင်းတွေကို မိရိုးဖလာ ဒီမှာရှိနေတဲ့ မြေယာဓလေ့ထုံးတမ်း မြေယာခွဲဝေမှုပေါ့နော်၊ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုကို ဥပဒေအရ အသိအမှတ်ပြုပေးစေချင်ကြတယ်။ နောက်တချက်ကတော့ ဒီရေလုပ်သားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပေါ့နော်၊ ရေလုပ်သားတွေက အခုဆို တော်တော်လည်း ပျက်စီးနေပြီ။ နောက်ထပ် ဒီရေနက်ဆိပ်ကမ်းကို တည်ဆောက်မယ် ဆိုလို့ရှိရင် ရေလုပ်ကွက်တွေ ထပ်ပြီး ပျက်သွားမှာကို စိုးရိမ်ကြတယ်၊ တကယ်လို့ ပျက်သွားတယ်ဆိုရင်တော့ သူတို့အတွက် အစားထိုးအလုပ်အကိုင်တွေ ဖန်တီးပေးဖို့အတွက် တောင်းဆိုကြတာမျိုးတွေရှိတယ်။” စီမံကိန်းဖော်ဆောင်မယ့်နေရာမှ ဒေသခံ ဒေါ်ကြူကြူလွင် “တောင်းဆိုချင်တာကတော့ ပြည်သူလူထုအပေါ်မှာ ပွင့်လင်းမြင်သာမှုရှိစေချင်တယ်၊ နောက်ပြီးတော့ ပစ္စည်းတခုခုပါသွားပြီဆိုတာနဲ့ ကျမတို့က ဆုံးရှုံးမယ်၊ နစ်နာခံရမယ်၊ ခံစားချက်တွေကအများကြီးပေါ့။ ကျမတို့ရဲ့ လက်ရှိအနေအထားထက် မလျော့စေရဘူးပေါ့၊ ကိုယ့်ရဲ့ တန်ဖိုးအနေအထားကိုတော့ ရစေချင်တယ်၊ ၅၀ တန်တဲ့ဟာကို ၂၀ ပဲပေးမယ်ဆိုလိုတော့ ကျမတို့က မကျေနပ်နိုင်ဘူးပေါ့။ ကိုယ့်ရဲ့တန်ရာတန်ကြေး လျော်ကြေးအနေအထားကို ရစေချင်တယ်” လို့ ပြောပါတယ်။ ကျောက်ဖြူအထူးစီးပွားဇုန်စီမံကိန်းနဲ့ ပတ်သက်တဲ့ အဆိုပါလူထုတွေ့ဆုံပွဲကို ကျောက်ဖြူအထူးစီးပွါးရေးဇုန်စောင့်ကြည့်ရေးကော်မတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့၊ လှုမှုအဖွဲ့အစည်းတွေ။ ကျေးရွာ ၃၆ ရွာမှ ကျေးရွာကိုယ်စားလှယ်တွေ စုစုပေါင်း ၅၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။  ဒေသခံတွေက ကျောက်ဖြူအထူးစီးပွါးရေးဇုန် မတည်ဆောက်မီ ဒေသခံတွေရဲ့ မိရိုးဖလာမြေပိုင်ဆိုင်မှုကို မြေယာအစားထိုးလုပ်ဆောင်ပေးဖို့နဲ့ မြေယာလျော်ကြေးကို ဒေသခံတွေနဲ့ ညှိနှိုင်းမှုဆောင်ရွက်ပေးဖို့၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့၊ ဒေသခံတွေနဲ့ ရေလုပ်သားတွေအတွက် အလုပ်အကိုင်ဖန်တီးပေးဖို့၊ ဒေသခံတွေပိုင်ဆိုင်တဲ့ ဒီရေတောတွေနဲ့ တောင်ယာမြေတွေကို အစိုးရအနေနဲ့ ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုချက်တွေ မလုပ်ဆောင်မီအချိန် စီမံကိန်းတွေ ရပ်တန့်ထားပေးဖို့ စတဲ့အချက်တွေကို ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။ နောင်နောင်
1 year Ago
Up