လေးခွဖြင့် ပစ်ခံရ

June 10, 2021

လှိုင်သာယာတွင် စစ်ကောင်စီရပ်ကျေးတာဝန်ခံများ လေးခွဖြင့် ပစ်ခံရ

ရန်ကုန်၊ လှိုင်သာယာမြို့နယ်တွင်း ရပ်ကွက်တစ်ခုမှာ ဇွန်လ ၉ ရက်က စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးတာဝန်ခံတွေက ရပ်ကွက်တွင်း အသံချဲ့စက်နဲ့ လိုက်လံအသိပေး ကြေညာနေစဉ် လေးဂွနဲ့ ပစ်ခံရတယ်လို့  ရပ်ကွက်သားတွေက ပြောပါတယ်။

စစ်ကောင်စီခန့် ရပ်ကျေးတာဝန်ခံတွေက ပြည်သူတွေ ဆိုင်ကယ် စီးနင်းခြင်းမပြုဖို့၊ ဆန္ဒထုတ်ဖော်တာ၊ လူစုလူဝေးပြုလုပ်တာ၊ စီတန်းလမ်းလျှောက်တာ အပါအဝင် လူ၅ ဦးထက်ပိုမစုဖို့၊ လူစိမ်း (အပြင်လူ)တွေ အထောက်အထား မခိုင်လုံဘဲ လာရောက်တည်းခိုခြင်းမပြုဖို့ စတာတွေ လိုက်လံ အသိပေးကြေညာနေတာဖြစ်ပါတယ်။

လှိုင်သာယာမှာ စစ်အုပ်ချုပ်ရေးကျင့်သုံးနေပေမဲ့  ဒေသခံတို့ရဲ့ အာဏာရှင်ဆန့်ကျင် လှုပ်ရှားမှုတွေ ငြိမ်သက်မသွားပဲ ရက်ခြား ဆိုသလို ပြောက်ကျားဆန္ဒပြပွဲတွေ၊ ဆိုင်ကယ်သပိတ်တွေ ဆက်ရှိနေသလို ဗုံးပေါက်ကွဲမှုတွေလည်း ရှိနေတာကြောင့် စစ်ကောင်စီက. လုံခြုံရေးတင်းကျပ် ထားပါတယ်။

4 months Ago
Up