လေပြင်းတိုက်ခတ်

August 4, 2020

မိုးမောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်သဖြင့် ဓာတ်တိုင်များလဲကျပျက်စီး 

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အနီးမှာ  သြဂုတ် ၃ ရက် ညပိုင်းက လေပြင်းတိုက်ခတ်တဲ့အတွက် ဓာတ်တိုင် ၁၄ တိုင် လဲကျ ပျက်စီးခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ဒေါ့ဖုန်းယန်မြို့နဲ့ ဖာကေကျေးရွာသွား လမ်းဘေးတလျှောက်ရှိ လျှပ်စစ်ဓာတ်မီးတိုင် ၁၄ တိုင် လဲပြိုပျက်စီးမှုဖြစ်ပွားခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ လျှပ်စစ်ခွဲရုံမှူးနဲ့ ဝန်ထမ်းတွေ၊  တပ်မတော်သားတွေက အပျက်အစီးတွေကို ရှင်းလင်းနေပြီး လျှပ်စစ်မီး ပြန်လည်ရရှိရေး ဒီနေ့ မနက်က ပူးပေါင်းဆောင်ရွက်နေပါတယ်။ လေပြင်းတိုက်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၃၅ သိန်း ဖိုးလောက်ရှိပြီး ပြည်သူတွေ လျှပ်စစ်မီးပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း- မင်းခန့်ကိုကို
9 months Ago

May 19, 2020

မကွေးနှင့် သရက်တွင် လေပြင်းတိုက်ခတ်၊ လူဦးရေ ၃၂၀ ကျော် လေဘေးဒုက္ခခံစားနေရ

မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် (၂) မြို့နယ်မှာ မေလ ၁၈ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့လို့ လူဦးရေ ၃၂၁ ဦး လေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက "မကွေးမြို့နယ်နဲ့ သရက်မြို့နယ်တွေမှာ လေပြင်းကျရောက်ခဲ့လို့ ပြိုကျနေအိမ် ၂ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် ၇၇ လုံးရှိပါတယ်။ လူဦးရေ အနေနဲ့ ၃၂၁ လုံး လေဘေးသင့်ခဲ့ပြီး နီးစပ်ရာ ဆွေမျိုးတွေစီမှာ နေထိုင်လျက်ရှိပါတယ်။”လို့ပြောပါတယ်။ ပြိုကျနေအိမ်တွေအတွက် အိမ်ဆောက်ပစ္စည်းဖိုးတစ်အိမ်ကို ကျပ် တစ်သိန်းနှုန်း၊ အမိုးလန်နေအိမ်တွေအတွက် တစ်ဦးကို ကျပ် ၃၀၀၀၀ နှုန်းထောက်ပံ့ပေးပြီး လေဘေးသင့် မိသားစုတွေကိုတော့ ဆန်ရိက္ခာဖိုး ကျပ် ၂၁၀၀ ကျပ်စီ ထောက်ပံတဲ့အပြင် ကယ်ဆယ်ရေး ပစ္စည်တွေလည်း ထောက်ပံ့ပေးနေတယ်လို့လည်း ပြောပါတယ်။ မကွေးတိုင်းမှာ ဧပြီ ၉ ရက်ကနေ့  လက်ရှိအချိန်ထိ လေးပြင်းတိုက်ခတ်ခဲ့လို့ နေအိမ် ၂၃၀၀ လောက် ပျက်စီးခဲ့ပြီး လူဦးရေ ၉၀၀၀ ကျော်လေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
12 months Ago
More News
Up