လေဒီဂါဂါ

January 20, 2021

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ၌ လေဒီဂါဂါနှင့် ဂျနီဖာလိုပက်ဇ်တို့ ဖျော်ဖြေမည်

ရွေးကောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် မြို့တော်ဝါရှင်တန်ရှိ အောက်လွှတ်တော်အနားက ကွင်းပြင်ကြီးမှာ အမေရိကန် အလံ ၂ သိန်းလောက်ကို ဇန်နဝါရီ ၁၈ ရက်ကစပြီး စိုက်ထူထားပါတယ်။ အလံကွင်းထားတာဟာ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ရွေးထားတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ညီညွတ်သော အမေရိကန်အတွက် အစိတ်အပိုင်းတရပ်လို့ အခမ်းအနားကျင်းပရေး ကော်မတီက ကြေညာပါတယ်။ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါနဲ့ ဂျနီဖာလိုပက်ဇ်တို့ကလည်း အခမ်းအနားမှာ ဖျော်ဖြေဖို့လည်း စီစဉ်ထားပါတယ်။ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတ ဟာရစ်တို့ဟာ အမေရိကန် အောက်လွှတ်တော်မှာ ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခမ်းအနားတက်မယ့်သူ စာရင်းကို ကန့်သတ်ထားပြီး ပွဲစဉ် အများအပြားကို အွန်လိုင်းကနေ ကျင်းပမယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။
6 months Ago

November 4, 2020

ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါ ဂျိုးဘိုင်ဒင်အတွက် မဲဆွယ်ပေး

ကမ္ဘာကျော် ပေါ့ဂီတ အဆိုတော် လေဒီဂါဂါဟာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စီတန်းလှည့်လည်ပွဲမှာ နိုဝင်ဘာ ၂ ရက်က လာရောက်ခဲ့ပါတယ်။ “ရှင်တို့ဘဝက မဲပေါ်မှာ မူတည်နေတယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ မဲပေးပါ”လို့ ဘိုင်ဒင်ကို ထောက်ခံသူတွေကို ဂါဂါက ဆော်သြခဲ့တာပါ။ “နားထောင်နေတဲ့ လူအားလုံးကို ကျမ သတိပေးချင်တယ်၊ ဒါကြီး ပင်ဆယ်ဗေးနီးယားကို ရောက်လာကောင်း ရောက်လာနိုင်တယ်ဆိုတာ ကျမတို့ အားလုံး သိတယ်။ ကျမတို့ ရှင်တို့ကို လိုအပ်တယ်”လို့ ဂါဂါက ပြောပါတယ်။ အသက် ၇၇ နှစ် အရွယ် ဘိုင်ဒင်ကတော့ ၂၀၁၆ တုန်းက ထရမ့် မဲနိုင်ခဲ့တဲ့ ပြည်နယ်တွေ အားလုံးနီးပါးကိုသွားခဲ့ပြီး မဲဆွယ်ခဲ့တာပါ။ အသက် ၇၄ နှစ်အရွယ် ထရမ့်ကတော့ ပြန်ရွေးကောက်ခံရင်း ရှုံးတဲ့ ပထမဆုံး သမ္မတ မဖြစ်စေရေး ရှောင်ဖို့ ကြိုးစားနေပါတယ်။ နိုင်ငံလုံးဆိုင်ရာ ထင်မြင်ချက် စစ်တမ်းတွေမှာ ဘိုင်ဒင်က ဦးဆောင်နေပေမယ့် မဲ အကြိတ်အနယ်ရှိနေတဲ့ ပြည်နယ်တွေမှာ ထရမ့်ဟာ ပွတ်ကာသီကာ နိုင်သွားနိုင်ပြီး အစိုးရဖွဲ့လိုတဲ့ မဲအရေအတွက်ကို ရနိုင်ခြေရှိနေတယ်လို့ အချက်အလက်တွေကို သုံးသပ်ပြီး ရိုက်တာ သတင်းဌာနက ခန့်မှန်းပါတယ်။ ထရမ့်ကတော့ စာတိုက်ကနေတဆင့် မဲပေးတဲ့ စာတိုက်မဲတွေကို ဆက်လက်တိုက်ခိုက်နေပြီး ရွေးကောက်ပွဲ ပြီးတဲ့တိုင်အောင် စာတိုက်မဲတွေကို ဆက်ပြီး ပြည်နယ်တွေမှာ ရေတွက်နေဦးမယ်ဆိုရင် တရားရင်ဆိုင်ဖို့ ရှေ့နေငှားမယ်လို့ ပြောခဲ့ပါတယ်။
9 months Ago
More News
Up