လေဆင်နှာမောင်

July 23, 2020

ဘီးလင်းမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်ပြီး ၃ ဦးဒဏ်ရာရ၊ နေအိမ် ၁၅ လုံးပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ၇ အိမ်တန်းမှာ ဇူလိုင် ၂၂ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့ရာမှာ အမျိုးသမီး ၃ ဦး ပြင်ပဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ပြီး  လူနေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံး သွားပါတယ်။  ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်အသင်းဥက္ကဋ္ဌ ဦးဆန်းနိုင်က "ညနေ ၄ နာရီ ၁၅ လောက်မှာ မိုးသားတွေမဲတက်လာပြီး လေဆင်နှာမောင်းပုံသဏ္ဍာန် လေပွေကနေ တဖြည်းဖြည်းကြီးလာပြီး အိမ်ခေါင်မိုးတွေကို ဆွဲလှန်သွားတာပါ။ အရင်ကဒါမျိုး တခါမှ မဖြစ်ဖူးဘူး။ အိမ်က ၁၅ လုံးအမိုးလန်ပြီး လူ ၃ ဦးက ပွန်းပဲ့ဒဏ်ရာရသွားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျဉ်ခင်း ထရံကာ၊ သွပ်/ဖက်မိုး လူနေအိမ် ၁၅လုံးမှာ အမိုးလန်ကာ ထုတ်တန်းတွေကျိုးပျက်သွားပြီး တန်ဖိုး  ငွေကျပ်သိန်း ၅၀၀ ကျော်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ နေအိမ်ပျက်စီး ဆုံးရှုံးခဲ့သူတွေကို လတ်တလောမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီတည်းခိုဖို့ စီစဉ်ပေးထားပြီး  မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတွေက အမြန်ဆုံးပြန်လည်ပြုပြင်ပေးသွားမယ်လို့  သိရပါတယ်။ ယူမင်းစိုး
10 months Ago

June 7, 2020

ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ကို လေဆင်နှာမောင်း တိုက်ခတ်

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့လယ်ကို ဇွန်လ ၆ ရက်က လေဆင်နှာမောင်းတခု ဖြတ်တိုက်သွားခဲ့ပါတယ်။  ဒါဟာ အမေရိကန်အမျိုးသားမိုးလေဝသဌာနက လေဆင်နှာမောင်း သတိပေးချက်တွေ အတော်များများ ထုတ်ပြန်ထားချိန်မှာ ဖြစ်လာတာပါ။  ရိုက်တာက ရရှိတဲ့ ဗွီဒီယိုဖိုင်ထဲမှာ လေဆင်နှာမောင်းဟာ ကားလမ်းပေါ်ဖြတ်သွားပါတယ်။  ဒေသခံမီဒီယာတွေနဲ့ရဲတပ်ဖွဲ့ အဆိုအရလည်း ဓာတ်အားလိုင်းတွေ ပျက်စီးတာနဲ့ တခြား ထိခိုက်ပျက်စီးမှုတွေ ရှိပါတယ်။  ဇွန်လ ၆ ရက်မှာ ဖလော်ရီဒါပြည်နယ်အလယ်ပိုင်းမှာ လေဆင်နှာမောင်း ခြောက်ခု အနည်းဆုံး  ကြုံတွေ့ရမယ်လို့ မိုးလေဝသဌာနက သတိပေးချက် ထုတ်ထားပါတယ်။  လေဆင်နှာမောင်းတွေဟာ အပူပိုင်းမုန်တိုင်း ခရစ်စတိုဘယ်နဲ့တွဲလျက် ဖြစ်ပေါ်လာပြီး မုန်တိုင်းဟာ မက္ကဆီကို ပင်လယ်ကွေ့ မှာ အခြေပြုနေပါတယ်။ ဖလော်ရီဒါကို ဝင်ရောက်ဖို့ မရှိပေမဲ့ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြီးတာတွေ ဖြစ်နိုင်တယ် လို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
11 months Ago
Up