လူးကပ်စ်ပီရက်ဇ်

August 10, 2018

အာဆင်နယ်တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်ကို ဝက်စ်ဟမ်း အပြီးသတ်စာချုပ်

ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်ကို ပေါင် ၁၀ သန်းနဲ့ အပြီးသတ် ခေါ်ယူစာချုပ်လိုက်ပါတယ်။ ပီရက်ဇ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် အခုနှစ် အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ၈ ယောက်မြောက် ကစားသမား ဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိ စပိန်တိုက်စစ်မှူး ပီရက်ဇ်အနေနဲ့ အသင်းဖော်ဟောင်း ဂျက်ဝီလ်ရှိုင်းယားနဲ့ ပြန်လည်တွဲဖက်ကစားရမှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ သမိုင်းဝင် အသင်းတသင်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ဆက်ကစားခွင့်ရအောင် အခွင့်အရေးပေးခဲ့လို့ ကျေးဇူးတင်တယ်လို့ ပီရက်ဇ်က ပြောပါတယ်။ ပီရက်ဇ်အနေနဲ့ အာဆင်နယ်အသင်းမှာ ၂ နှစ်ကြာခဲ့ပေမယ့် ပရီးမီးယားလိဂ် ၇ ပွဲပဲ ကစားခဲ့ရပြီး အငှားစာချုပ်တွေနဲ့ ဒီပို့တီဗိုအသင်းမှာ ပြန်လည်ကစားခဲ့ရတာပါ။ ဝက်စ်ဟမ်းအသင်းဟာ ပီရက်ဇ်အပြင် ဖေဘီယန်စကီး၊ ယာမိုလန်ကို၊ ဖိလစ်ပီအန်ဒါဆန် စတဲ့ ကစားသမားကောင်းတွေကိုလည်း ခေါ်ယူထားပါတယ်။
3 years Ago
Up