လူအုပ်ကို ကားနဲ့ ဝင်တိုက်

January 6, 2020

အီတလီတွင် ကားတစီးက လူအုပ်ကို ဝင်တိုက်၊ ၆ ဦး သေဆုံး

အီတလီနိုင်ငံ မြောက်ပိုင်းမှာ အရက်မူးနေတဲ့ ကားမောင်းသူ တယောက်က လူအုပ်ကို ကားနဲ့ ဝင်တိုက်မိခဲ့လို့ ဇန်နဝါရီ ၅ ရက်မနက်ပိုင်းမှာ ဂျာမန်ခရီးသည် ၆ ယောက် သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။  လူတာဂိုမြို့ နယ်လေးက ဒီဖြစ်ရပ်ကြောင့် လူ ၁၁ ယောက် ဒဏ်ရာရပြီး တချို့က ဒဏ်ရာပြင်းထန်တယ်လို့ ရဲ ပြောခွင့်ရက ပြောပါတယ်။ အသက်၂၇ နှစ်အရွယ်  ယာဉ်မောင်းကို အရက်မူးယစ်သောက်စားပြီး ကားမောင်းတာ ဟုတ် မဟုတ် စစ်ဆေး စမ်းသပ်ပြီးတဲ့နောက် လူသေတဲ့အထိ ကားမောင်းမှုနဲ့ သူ့ကို ဖမ်းထားတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှု ဖြစ်ချိန်က ခရီးသည်တွေဟာ ခရီးသည်တင်ဘတ်စ်ကားကြီးအနားက လမ်းဘေး တလျှောက် ရပ်နေခဲ့ကြတယ်လို့ ပြောခွင့်ရက ဆက်ပြောပါတယ်.  ဒီနေရာဟာ ဂျာမန် ခရီးသွားတွေ လာရောက်တာ များပြားတဲ့ နေရာလည်း ဖြစ်ပါတယ်။
2 years Ago
Up