လူမည်း

November 28, 2020

လူမည်း ၁ ဦးအား ပြင်သစ်ရဲများ ဝိုင်းဝန်းထိုးကြိတ်ခဲ့မှု စောင့်ကြည့်ရေးအဖွဲ့ စုံစမ်း

ပြင်သစ်နိုင်ငံမှာ နှာခေါင်းစည်းမတပ်ဘဲ  အပြင်ထွက်တဲ့ လူမည်း ဂီတပရိုဂျူဆာ တယောက်ကို ရဲတွေက ဝိုင်းထိုးကြိတ်ပြီး လူမျိုးရေးအရ ဆဲဆိုတဲ့ဖြစ်ရပ်အပေါ် စုံစမ်းနေတယ်လို့  IGPN  ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာလ ၂၆ ရက်မှာ ပြောဆိုပါတယ်။  အဲဒီဖြစ်ရပ်ကို စီစီတီဗွီကင်မရာနဲ့ မိုဘိုင်းဖုန်းကနေ မှတ်တမ်းတင်ထားခဲ့ပြီး  ဗွီဒီယိုကို  LoopSider သတင်းဌာနက ရရှိခဲ့ပါတယ်။  သူ့ကိုယ်သူ မီရှယ်လို့ပဲ ဖော်ပြခဲ့တဲ့ ထိုးကြိတ်ခံရသူက သူဟာ  နိုဝင်ဘာလ ၂၁ ရက်က ပဲရစ်မြို့မှာ  ကိုဗစ်စည်းကမ်းချိုးဖောက်ပြိး နှာခေါင်းစည်း မတပ်ဘဲ အပြင်ထွက်ခဲ့တယ်လို့ ပြောဆိုပါတယ်။  အဲဒီနောက် ရဲကားကို တွေ့တော့ ဒဏ်တပ်ခံရမှာစိုးပြီး သူ့စတူဒီယိုအတွင်း ပြေးဝင်ခဲ့တယ်လို့  မီရှယ်က ဆိုပါတယ်။  ဒါပေမဲ့လည်း ရဲတွေက စတူဒီယိုထဲအထိ နောက်ကလိုက်လာပြီး သူ့ကို ထိုးကြိတ်ဆဲဆိုခဲ့တယ်လို့ မီရှယ်က ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် ရဲတွေကို တရားဝင်အမှုဖွင့်သွားမယ်လို့  မီရှယ်ရဲ့ ရှေ့နေက ပြောဆိုပါတယ်။  ဒီသီတင်းပတ်အစောပိုင်းကလည်း ရွှေ့ပြောင်းလာသူတွေရဲ့ ဆန္ဒပြပွဲတွေကို ရှင်းလင်းရာကနေ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး ပြင်သစ်ရဲတပ်ဖွဲ့ဟာ ဝေဖန်ခံနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
5 months Ago

November 9, 2020

လူမည်းနှင့် စပိန်နွယ်များ ထောက်ခံမှုကြောင့် ဂျိုးဘိုင်ဒင် အနိုင်ရဟု စတန်းဖို့ တက္ကသိုလ်ပညာရှင် ပြော

လူမည်းနဲ့စပိန်အနွယ်တွေရဲ့ ထောက်ခံမှုဟာ ဂျိုးဘိုင်ဒင် ရွေးကောက်ခံရတဲ့ အဓိက သေ့ာချက်ဖြစ်တယ်လို့ စတန်းဖို့တက္ကသိုလ် နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးက နိုဝင်ဘာ ၈ ရက်မှာ ရိုက်တာကို ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ခံသမ္မတ ဘိုင်ဒင်နဲ့ ရွေးကောက်ခံ ဒုသမ္မတ ဟဲရစ်တို့မှာ လူမည်းနဲ့ စပိန်အနွယ်တွေအတွက် ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိတယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင် ဟက်ကင်းမ် ဂျက်ဖာဆင်က ဆိုပါတယ်။ ဂျက်ဖာဆင်ဟာ လူမည်း မဲဆန္ဒရှင်တွေကို အဓိကထား သုတေသနလုပ်ခဲ့သူ ဖြစ်ပါတယ်။ ဘိုင်ဒင်နဲ့ ဟဲရစ်ဟာ အဲဒီအစဉ်အားလုံး လုပ်ဆောင်ရမှာဖြစ်ပြီး တစ်ဖက်ကလည်း အကြောင်းကြောင်းကြောင့် ထရမ့်ကိုထောက်ခံခဲ့တဲ့ အမေရိကန်ပြည်သူ သန်းနဲ့ချီအတွက် လုပ်ပေးရမှာပါ။  ‘‘မတူကွဲပြား ပြည်သူတွေရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင် လုပ်လိုသူတွေကို ဘိုင်ဒင်နဲ့ ဟဲရစ်အနေနဲ့  ဘယ်လိုလုပ်ပြီး မျိုးချစ်ပုဂ္ဂိုလ်တွေ ဖြစ်အောင် စည်းရုံးနိုင်မှာလဲ"လို့ နိုင်ငံရေး သိပ္ပံပညာရှင် ဂျက်ဖာဆင်က ပြောဆိုခဲ့ပါတယ်။  ရွေးကောက်ခံသမ္မတ ဘိုင်ဒင်အနေနဲ့  ကြီးထွားလာနေတဲ့ လူငယ်နဲ့ မတူကွဲပြား မဲဆန္ဒရှင် လူတန်းစား သဘောတွေ့စေမယ့် ပါတီဖွဲ့စည်းပုံမျိုးကို တည်ဆောက်သွားမယ် မျှော်လင့်တယ်လို့  ဂျက်ဖာဆင်က ပြောဆိုခဲ့ပါတယ်။ 
6 months Ago
More News
Up