လူနာ ၃.၂ သန်း

July 10, 2020

အမေရိကန်တွင် ကိုဗစ်-၁၉ လူနာ ၃.၂ သန်းကျော်နှင့် သေဆုံးသူ ၁၃၅,၀၀၀ ကျော်ရှိလာ

အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၃ ဒဿမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၁၃၅,၀၀၀ ကျော်အထိ ရှိလာနေပါပြီ။  ဇူလိုင် ၉ ရက် တစ်ရက်ထဲမှာပဲ အသစ်တွေ့အတည်ပြု လူနာဦးရေ ၅၅၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ခုနှစ်ရက်အတွင်း အမေရိကန်မှာ တရက်ကို အသစ်တွေ့လူနာ ၅ သောင်း ၂ ထောင်ကျော်နှုန်း ရှိခဲ့တာပါ။  အဲဒီအရေအတွက်ဟာ အဲဒီမတိုင်ခင်  သီတင်းပတ်ထက်  ၂၀ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာပါ။  ကမ္ဘာမှာ အထိခိုက်ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ ဇူလိုင် ၈ ရက်မှာပဲ အတည်ပြုလူနာ ၃ သန်း  ကျော်ခဲ့တာပါ။  ရိုက်တာသတင်းကတော့ အမှန်တကယ်ဖြစ်တဲ့ ဦးရေဟာ ဒီထက်များနိုင်မယ်လို့ ပြောပါ တယ်။  ကိုဗစ်-၁၉ ကပ်ရောဂါဟာ အရင်က ဗဟိုချက်မဖြစ်ခဲ့တဲ့ နယူးယောက်နဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ လုံးဝနီးပါး လျော့နည်း သွားပေမယ့်  ကယ်လီဖိုးနီးယား၊ တက္ကဆက်၊ ဖလော်ရီဒါ၊ လူဝီစီယာနားနဲ့ အရီဇိုးနားအပါအဝင် တောင်ပိုင်းဒေသအများအပြားမှာ ကူးစက်မှုမြင့်တက်နေ ပါတယ်။   
10 months Ago
Up