လူနာသစ် ၃၄

July 18, 2020

အိန္ဒိယတွင် ဇူလိုင် ၁၇ ရက်က ကိုဗစ်-၁၉ လူနာသစ် ၃၄,၀၀၀ ကျော် စံချိန်တင်တွေ့ရှိ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် အရေအတွက်ဟာ  ဇူလိုင်လ ၁၇ ရက်မှာ ၃၄,၀၀၀ ကျော်နဲ့ စံချိန်တင်ခဲ့ပြီး  စုစုပေါင်း ၁ သန်း ကျော်သွားပြီလို့ သိရပါတယ်။ ဒီအချိန်မှာပဲ  ကမ္ဘာ့အကြီးဆုံး ကိုရိုနာဗိုင်းရပ်စ်ဆေးရုံက  ဆရာဝန်တွေကတော့  သူတို့ဟာ   ဗိုင်းရပ်စ်ဒုတိယလှိုင်းအတွက် အသင့်ဖြစ်နေပြီလို့ ဆိုလိုက်ပါတယ်။   ဇူလိုင် ၁၇ ရက်မှာပဲ  ကုတင် ၂,၀၀၀-ဆန့် အစိုးရဆေးရုံက  ကိုဗစ်-၁၉ ကုသဆောင်မှာ  လူနာ ၅ ယောက်ထက်မနည်းကို တွေ့ရပါတယ်။  အဲဒီဆေးရုံဟာ ဒေလီမြို့ရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်နေပြီး  ကိုဗစ်-၁၉ လူနာ  ၆,၀၀၀ ကျော်ကို  ကုသပေးခဲ့ပါတယ်။   လူနာတွေထဲက ၄,၀၀၀ ခန့်ကို အောင်မြင်စွာ ကုသပေးနိုင်တယ်လို့လည်း  ဆေးရုံရဲ့  ဒါရိုက်တာတဦးက ပြောဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၆,၀၀၀ ကျော်နေပြီလို့ သိရပါတယ်။ 
10 months Ago
Up