လူထု

May 13, 2021

ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၆ သန်း လူထုထံ ရောင်းချပေးမည်

မေလ ၁၃ ရက်နေ့မှာ ဗဟိုဘဏ်က အမေရိကန်ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကို ငွေလဲကောင်တာတွေကတစ်ဆင့် ရောင်းချပေးသွားမယ်လို့ ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတွေထံက သိရပါတယ်။

 ဒီလိုရောင်းချပေးရာမှာ ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ရောင်းဈေးအတိုင်း တစ်ဒေါ်လာကို ၁၆၄၅ ကျပ်နဲ့ ဝယ်ယူသူ တစ်ဦးကို ဒေါ်လာ ၁၀၀၀စီ စတင်ဖြန့်ဝေရောင်းချသွားမယ်လို့ သိရပါတယ်။ 

အရင်က ပုဂ္ဂလိက ဘဏ်တွေကိုသာ ဈေးပြိုင်လေလံစနစ်နဲ့ ရောင်းချခဲ့ရာကနေ အခု ပထမဆုံး အကြိမ်အဖြစ် money changer တွေကို ဒေါ်လာရောင်းချပေးခဲ့တာဖြစ်ပါတယ်။ 

ဒီလို money changer တွေကတဆင့် ဒေါ်လာရောင်းချပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် နိုင်ငံရေး မတည်ငြိမ်မူကြောင့် ဈေးကွက်အတွင်းမှာ ဝယ်လိုအားများပြီး ဈေးအတက်ကြမ်းနေတဲ့ ဒေါ်လာနဲ့ ရွှေဈေးနှုန်းဟာ ပြန်လည်ကျဆင်းခဲ့ပါတယ်။ 

ဗဟိုဘဏ်အနေနဲ့ money changer တွေက တဆင့် ဒေါ်လာရောင်းပေးတာကို ဘဏ်တွေ လိုမျိုး နေ့စဉ်၊ ရက်ခြား ရောင်းချပေးမယ်ဆိုရင် ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအား အပြောင်းအလဲ တစ်ခု ဖြစ်လာနိုင်တယ်လို့ ငွေလဲ လုပ်ငန်းလုပ်ကိုင်သူတွေက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းထားပြီး နိုင်ငံရေး မတည်ငြိမ်တာ၊ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုနည်းပြီး ဒေါ်လာနဲ့ ရွှေဝယ် စုနေကြတာတွေကြောင့် လက်တလော ရွှေဈေးကော ဒေါ်လာဈေးမှာ ဈေးကွက် မတည်မငြိမ် ဖြစ်နေပါတယ်။

3 months Ago

November 8, 2020

ရွေးကောက်ပွဲရလဒ် နေအိမ်မှစောင့်ကြည့်ရန် ရွှေဂုံတိုင်ရုံးချုပ်ရှေ့ရှိ လူထုကို NLD မေတ္တာရပ်ခံ

ရန်ကုန်၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်ရှေ့မှာ အန်အယ်လ်ဒီကို အားပေးထောက်ခံတဲ့အနေနဲ့  လာရောက်  စုဝေးကြတဲ့ ပြည်သူလူထုတွေကို ကျေးဇူးတင်တယ်လို့ ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ လတ်တလော ကိုဗစ်-၁၉ အခြေအနေကြောင့် LED BOARD နဲ့ ကြေညာပေးမှာ မဟုတ်ဘဲ ရွေးကောက်ပွဲရလဒ်ကို အွန်လိုင်းကတဆင့် ကြေညာပေးမှာဖြစ်လို့ မိမိတို့နေအိမ်ကနေ စောင့်ကြည့် ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။  ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်ရှေ့မှာ  ရာနဲ့ချီတဲ့ ပြည်သူလူထုတွေ လာရောက်ကာ ပါတီအလံတွေလွှင့်ထူပြီး သီချင်းတွေဖွင့်ကာ အောင်ပွဲခံနေကြတာပါ။ 
9 months Ago
More News
Up