လူစုလူဝေ

November 13, 2020

မိုးညှင်းတွင် ကိုဗစ်ထောက်ပံ့ငွေ မရသူများ လူစုလူဝေးဖြင့်ရောက်လာသဖြင့် ရဲက လူစုခွဲ 

 ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊  အရှေ့စုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ  ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မနက်က အခြေခံလူတန်းစားတွေအတွက် အစိုးရက  တအိမ်ထောင်ကို ကျပ် ၄၀၀၀၀ ထောက်ပံပေးတဲ့စာရင်းမှာ မပါတဲ့ ဒေသခံ  ၈၀ လောက်က လာရောက် စုဝေးတောင်းခံရာမှာ ရဲတပ်ဖွဲ့က လူစုခွဲပြီး ရုံးပိတ်ခဲ့ရပါတယ်။ အရှေ့စုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က "လူစုလူဝေးနဲ့ ထောက်ပံ့ငွေ လေးသောင်း ကို လိုချင်တယ်လို့ လာတောင်းကြတော့ စာရင်းပါသူပဲ ရမယ်လို့ ပြောပေမဲ့ မပြန်ကြဘူး။ ရောဂါကြောက်တော့ နယ်ထိန်းရဲနဲ့ ခေါ်ပြီး လူစုခွဲခဲ့ရပါတယ်။ ငွေပေးမှုကို ရပ်ဆိုင်းပြီး ရုံးပါ ပိတ်လိုက်ရပါတယ်” လို့ အရှေ့စုရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးဝင်းနိုင်က ပြောပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကတော့  အရင်စာရင်းမပါဘဲ ခုမှလာတောင်းလို့ မရ ကြောင်း၊ လိုချင်ရင် သက်ဆိုင်ရာ ရာအိမ်မှူးကနေတဆင့် နောက်တကြိမ်ထပ်တိုးတင်ပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီကို ပြောရမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ မိုးညှင်းမြို့နယ်မှာ  အခြေခံလူတန်းစား အိမ်ထောင်စု ၁၀,၇၄၈ အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၄၂၀၀ ကျော် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခဲ့ရမှာ  အခုအကြိမ်နဲ့ပါဆိုရင် ၅ ကြိမ်မြောက်ရှိ ပြီလို့သိရပါတယ်။   သတင်း- မုန်းမုန်းမင်း
6 months Ago

July 19, 2020

ဘားအံတွင် အာဇာနည်နေ့အခမ်းအနား လူစုလူဝေးဖြင့်တက်ရောက်ခွင့်မပြု 

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပြုလုပ်တဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကိုဗစ်-၁၉ ကြောင့် လူစုလူဝေးနဲ့ တက်ရောက်တာ ခွင့်မပြုသလို ပြည်နယ်အဆင့်အကြီးအကဲ ၁၈ ဦးသာ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်စည်းကမ်းအတိုင်း တက်ရောက် ဂါရဝပြုခဲ့ပါတယ်။  ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က "ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် လူစုလူဝေးနဲ့တော့ ကျနော်တို့ လုပ်ခွင့်တော့မရပါဘူး။ ဗဟိုအဆင့်မှာ ကျင်းပတဲ့ ပုံစံအတိုင်းပဲ ပြုလုပ်တယ်" လို့ ပြောပါတယ်။ အခမ်းအနားမှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ်သတိရအောက်မေ့ သတိရတဲ့အနေနဲ့ ၂ မိနစ်ခန့် ငြိမ်သက်တာ၊ လွမ်းသူ့ ပန်းခွေချဂါရဝပြုတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေက ကျောင်းထိုင်ဘုန်းကြီးသင်ကျောင်းမှာ သံဃာ ၅ ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ကရင်ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်မှာလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်အချိန် လူစည်းကားတဲ့နေရာတွေမှာ ​ဥသြဆွဲတာတွေ ပြုလုပ်သွားမှာပါ။ အခမ်းအနားကို တက်ရောက်ပြီး ဂါရဝပြုကြတဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့တွေအနေနဲ့ သတ်မှတ်နေရာကနေ လူ ၃ ဦးထက်မပိုဘဲ မော်တော်ယာဉ်တွေနဲ့ လာရောက်ပြီး ဂါရဝ ပြုခဲ့ကြပါတယ်။ နှစ်စဉ် ကရင်ပြည်နယ် ကျောက်တိုင်ကွင်းမှာ ပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို ​ လူဦးရေ  ထောင်ချီ တက်ရောက်တယ်လို့ သိရပါတယ်။ ရဲမင်းခေါင်
10 months Ago
More News
Up