လီဗာပူး ၁- ၂ ခရစ္စတယ်ပဲလေ့စ်

November 9, 2015

လီဗာပူး ၁- ၂ ခရစ္စတယ်ပဲလေ့စ် (ရုပ်သံ)

နိုဝင်ဘာ ၈ ရက် အင်္ဂလန် ပရီးမီးယားလိဂ် လီဗာပူးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ပွဲစဉ်မှာတော့ ပဲလေ့စ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၂၁ မိနစ်မှာ ပဲလေ့စ်အသင်းက အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် လီဗာပူးက ပြန်လည် ချေပခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီနောက် ဒုတိယပိုင်းမှာ ၈၂ မိနစ်မှာ ပဲလေ့စ်က အနိုင်ဂိုးသွင်းယူသွားတဲ့ အတွက် ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ပေမယ့် လီဗာပူးက ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးနည်းပြကလော့ကတော့ ပထမပိုင်းအပြီးမှာ ပြဿနာ ဖြစ်စေနိုင်တဲ့ အခွင့်အရေး တချို့ကို ပဲလေ့စ်ကို ပေးခဲ့တယ်လို့ ပြောပါတယ်။ ဒီပွဲအနိုင်ကြောင့် ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား နံပါတ် ၈ နေရာမှာ ရပ်တည်နေပြီး လီဗာပူးကတော့ နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။
6 years Ago
Up