လီဗာပူးအသင်

August 21, 2020

သြစတြီးယားကပြန်လာသည့် လီဗာပူးအသင်း Quarantine မဝင်ဘဲ ခြေစမ်းပွဲကစားမည်

လီဗာပူးအသင်းသားတွေဟာ သြစတြီးယားလေ့ကျင့်ရေးခရီးစဉ်ကနေ ပြန်ရောက်လာခဲ့ ပေမယ့် Quarantine ဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ လီဗာပူးအသင်းအနေနဲ့ အင်္ဂလန်ပြန်ရောက်လာချိန်မှာ သီးသန့်နေထိုင်ရမယ့်စည်းမျဉ်း တွေအတိုင်း လိုက်နာဖို့မလိုကြောင်း အင်္ဂလန်အက်ဖ်အေရဲ့ ခွင့်ပြုချက်ရထားပုံ ပေါ်တယ်လို့ သိရ ပါတယ်။  ဒါပေမယ့် အင်္ဂလန်အစိုးရဘက်ကတော့ သြစတြီးယားနိုင်ငံက ပြန်လာသူတွေကို သီးသန့်နေထိုင်ကြဖို့  မနေ့ကပဲ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။  လီဗာပူးအသင်းဟာ သြဂုတ် ၂၂ ရက်မှာ စတုဂတ်အသင်းနဲ့ ခြေစမ်းဖို့ရှိပြီး ဆဲလ်ဘက်အသင်းနဲ့လည်း သြဂုတ် ၂၅ရက်မှာ ဆက်ပြီးခြေစမ်းမှာဖြစ်ပါတယ်။  အဲဒီနောက် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ သြဂုတ် ၂၉ ရက်နေ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ 
9 months Ago

March 14, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ် လုံးဝဖျက်သိမ်းပါက လီဗာပူး ချန်ပီယံဖြစ်ခွင့်ရှိ

ပြိုင်ဘက်အသင်း အများစုရဲ့ သဘောတူမှုကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်မယ်ဆိုရင်တောင် လီဗာပူးအသင်းဟာ ချန်ပီယံဘွဲ့ကို ရရှိနိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ လီဗာပူးအသင်းဟာ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ရရှိဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီး ဒုတိယနေရာ မန်စီးတီးအသင်းကို ၂၅ မှတ် ဖြတ်ထားနိုင်ပါတယ်။  ဒါ့ကြောင့် ယာဂန်ကလော့ပ် အသင်းအနေနဲ့ နောက်ထပ်နှစ်ပွဲကို အနိုင်ရရှိရုံနဲ့ ဖလားကို သိမ်းပိုက်နိုင်တော့မှာ ဖြစ်ပါတယ်။  ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကြောင့် တခြားထိပ်သီးလိဂ်တွေနည်းတူ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အခြေအနေဟာလည်း မတည်မငြိမ်ဖြစ်လာပြီး ပရော်ဖက်ရှင်နယ် ဘောလုံးပွဲတိုင်းကို ဧပြီလ ၄ ရက်နေ့အထိ ရပ်ဆိုင်းလိုက်ပါတယ်။  ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကလည်း ဒီခြိမ်းခြောက်မှုဟာ နောက်လ အနည်းငယ်အထိ ဆက်ရှိနေမှာကို စိုးရိမ်နေကြပြီး ဒီရာသီပြိုင်ပွဲကို ဖျက်သိမ်းနိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းမှုတွေပါ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ဒီလိုမျိုး ဖျက်သိမ်းခဲ့မယ်ဆိုရင်တောင် လီဗာပူးအသင်းဟာ ပရီးမီယားလိဂ် ချန်ပီယံအဖြစ်ကနေ ငြင်းပယ်ခံရနိုင်ခြေ မရှိဘူးလို့ Telegraph Sport သတင်းမှာ ဖော်ပြပါတယ်။  လီဗာပူးအသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ပေးခြင်းအပေါ် ကန့်ကွက်တဲ့အသင်း အနည်းငယ်သာ ရှိတယ်လို့လည်း ဒီသတင်းက  ဆိုပါတယ်။  လက်ရှိ ပွဲစဉ် ၂၉ ပွဲ ကစားပြီးချိန်မှာ တပွဲရှုံး၊ တပွဲသာ သရေကျခဲ့တဲ့ လီဗာပူးအသင်းရဲ့ အောင်မြင်မှုကို ဘယ်အသင်းကမှ တားမြစ်ပိတ်ပင်လိုခြင်း မရှိဘူးလို့လည်း သတင်းမှာ ရေးသားထားပါတယ်။ လီဗာပူး နည်းပြကိုယ်တိုင်က ဧပြီလအထိ ပွဲစဉ်တွေ ရပ်ဆိုင်းထားခြင်းကို ထောက်ခံခဲ့သူ ဖြစ်ပြီး ကလော့ပ်က အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။  “ဒီနေ့ ဆုံးဖြတ်ချက်ဟာ အများပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ရည်ရွယ်ပြီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့် ကျ‌နော်တို့ ဒီဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပါတယ်” လို့ ကလော့ပ်က ပြောပါ တယ်။ 
1 year Ago
More News
Up