လီဗာပူးလူစာရင်း

November 12, 2020

ဖာမီနိုကို သုံးလေးပွဲခန့် အနားပေးသင့်ကြောင်း ကာရေဂါအကြံပြု

ဒီယေဂိုဂျိုတာဟာ ဆာလက်နဲ့မာနေးတို့ရဲ့ ဖိအားတွေကို လျော့ပါးစေသူဖြစ်ပြီး လီဗာပူးလူစာရင်းကနေ ဖာမီနိုကို သုံးလေးပွဲလောက်အနားပေးသင့်တယ်လို့ ဂန္တဝင်ကစားသမား ဂျင်မီကာရေဂါက သုံးသပ်ပါတယ်။  ဂျိုတာဟာ လီဗာပူးလက်ကို စက်တင်ဘာလကမှ ပေါင် ၄၁ သန်းနဲ့ရောက်ရှိလာသူဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့ပထမဆုံး ၁၁ ပွဲမှာ ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။  တစ်ဖက်မှာတော့ ဖာမီနိုဟာ အခုရာသီ ၁၂ ပွဲကစားပြီး ၁ ဂိုးသာသွင်းယူနိုင်သေးပါတယ်။  ဒါ့ကြောင့် ကာရေဂါက အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဖာမီနိုကို ချန်လှပ်ပြီး ဂျိုတာကို နေရာပေးသင့်တယ်လို့ ယူဆထားတာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုဟာ ပုံမှန်စွမ်းဆောင် ရည်အောက် ရောက်ရှိနေတယ်လို့လည်း ယုံကြည်နေပါတယ်။  လီဗာပူးအသင်းရဲ့ ပွဲထွက်တိုက်စစ်မှူး ၃ ဦးကို ရွေးချယ်စေခဲ့ရာမှာ “မာနေး၊ ဂျိုတာ၊ ဆာလက်” လို့ ကာရေဂါက ပြန်လည်ဖြေကြားခဲ့ပြီး ဖာမီနိုဟာ အခုချိန်မှာ ပုံစံကောင်းမှာရှိမနေ ဘူးလို့ ပြောပါတယ်။  “ဖာမီနိုဟာ ပုံစံကောင်း ပျောက်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း သူဟာ အကောင်း ဆုံး အခြေအနေမှာရှိနေတယ်လို့ မထင်ပါဘူး။ လီဗာပူးဟာ လိဂ်ဖလားကိုရရှိခဲ့ပေမဲ့ ဖာမီနိုဟာ ချဲလ်ဆီးနဲ့ နောက်ဆုံးပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ်အိမ်ကွင်းမှာ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး” လို့ ကာရေဂါက ပြောပါတယ်။  “လီဗာပူးပရိတ်သတ်တွေက ဖာမီနိုရဲ့တာဝန်က ဂိုးသွင်းဖို့တခုတည်း မဟုတ်ဘူးဆိုတာကို သိရှိထားပါတယ်။ သူတို့ဟာ ဖာမီနိုဘယ်လိုဖန်တီးပေးလဲ၊ ဘယ်လို ဘောလုံး ပြန်ဆယ်ပေးလည်း ဆိုတာနဲ့ ဖိအားပေးမှုကို ဘယ်လိုစတင်လဲဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ် ဖာမီနိုရဲ့ ဖိအားပေးမှုအချက်အလက်တွေကိုကြည့်မိတဲ့အခါမှာတော့ သူဟာအရင်လို မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။ ဒါဟာ ဂျိုတာကို အစားထိုးပြီး ဖာမီနိုရဲ့ ကစားသမားဘဝ အဆုံးသတ်သွားပြီလို့ ပြောတာမဟုတ်ပါဘူး။ သူ့အနေနဲ့ သုံးလေး ပွဲလောက် အရန်ခုံမှာထိုင်သင့်တယ်လို့ဆိုတာပါ” လို့ ကာရေဂါကပြောပါတယ်။  ပြီးခဲ့တဲ့ရာသီတွေအတွင်း လီဗာပူးအသင်းမှာ မာနေးနဲ့ ဆာလက်တို့ကသာ ဂိုးသွင်းဖို့ တာဝန်ယူထားရပြီး သူတို့ရဲ့ဖိအားကို သက်သာစေမယ့် ဂျိုတာလို ကစားသမားမျိုး လိုအပ်ခဲ့ တယ်လို့ ကာရေဂါက သုံးသပ်ပါတယ်။  ဂျိုတာ ခြေစွမ်းပြနေခြင်း၊ ဖာမီနိုခြေစွမ်းပြဖို့ ရုန်းကန်နေရခြင်းတို့ ဖြစ်နေချိန်မှာ လီဗာပူးနည်းပြ ကလော့က ပြီးခဲ့တဲ့သီတင်းပတ် မန်စီတီးနဲ့ပွဲမှာ ဖာမီနိုနဲ့ ဂျိုတာကို တပြိုင် နက်တည်း အသုံးပြုခဲ့ပြီး တိုက်စစ်ကစားသမား ၄ ဦးစလုံးကို ပွဲထွက်ကစားစေခဲ့ပါတယ်။ 
7 months Ago
Up