လီဗာပူး

May 27, 2022

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးအနိုင်မရနိုင်သည့်အချက်ကို ဂယ်ရီနဗီးလ်ထောက်ပြ

လာမယ့်မေ ၂၉ ရက် ကစားမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးအသင်း အနိုင်မရ နိုင်တဲ့အချက်တခုကို မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောသွားပါတယ်။ 

လီဗာပူးအသင်းဟာ ၂၀၁၈ ခုနှစ်က ဗိုလ်လုပွဲမှာရူံးနိမ့်ခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ် နိုင်ငံ ပဲရစ်မြို့မှာ ယှဉ်ပြိုင်သွားရမှာပါ။ 

ဗိုလ်လုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်က အသာစီးရရှိမှာဖြစ်တာကြောင့် လီဗာပူးအနိုင်မရနိုင်ကြောင်း နဗီးလ်က ကာရေဂါနဲ့ သုံးသပ်ချက်စကားဝိုင်းမှာ ထောက်ပြသွား ခဲ့တာပါ။ 

“လီဗာပူးအသင်းချန်ပီယံလိဂ် ချန်ပီယံဖြစ်မယ်လို့ ကျနော် မထင်ပါဘူး။ ဗိုလ်လုပွ‌ေနဲ့  ပတ်သက်ပြီး အများကြီးတွေးခဲ့သလို ရီးရဲလ်မက်ဒရစ်က ဒီအဆင့်အထိ ဘယ်လိုတက်လှမ်း လာခဲ့တာလဲဆိုတာကိုလည်း ပြန်တွေးကြည့်လိုက်ပါ။ ၁၉၉၉ ခုနှစ်ကို ပြန်သွားမယ်ဆိုရင် ကျနော်တို့ ယူနိုက်တက်က နောက်ကျဂိုးတွေနဲ့ နိုင်ပွဲတွေရယူနိုင်ခဲ့တယ်။ အဲဒီပွဲတွေမှာ ကျနော်တို့ကွင်းလယ်မှာ ရွိုင်ကိန်း၊ နစ်ကီဘက်၊ ပေါလ်စခိုးစ်၊ရွိုင်ယန်ဂစ်နဲ့ ဒေးဗစ်ဘက်ခမ်း တို့လို ကစားသမားတွေက လုံးဝထူးချွန်အောင်ကစားနိုင်ခဲ့တယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်မှာလည်း ကတ်စမဲရိုး၊ ခရူးစ်နဲ့ မိုဒရစ်တို့ရှိသလို လူစားဝင်ကစားနိုင်တဲ့ ဗယ်ဗာဒီနဲ့ ကာမာဗင်ဂါတို့ရှိနေတယ်။ 

အဲဒီ ၅ ဦးရှိတဲ့ ကွင်းလယ်ကြောင့် လီဗာပူးကအားနည်းချက်ရှိမှာဖြစ်ပြီး နောက်ဆုံး ၁၅ မိနစ်အချိန်ဟာ ကွင်းလယ် ၅ ဦးပေါင်းစပ်ကစားမယ့် မက်ဒရစ်အတွက် ဖြစ်သွားနိုင်တယ်” လို့ နဗီးလ်က ပြောပါတယ်။

ကာရေဂါ ကတော့ ရီးရဲလ်အသင်းမှာ ဒီအဆင့်ကို ကံတရားဖေးမမှုတွေကြောင့် တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးချန်ပီယံဖြစ်မယ်လို့ ယုံကြည်ကြောင်း နဗီးလ်ကို ပြန်လည်ချေပသွားခဲ့ပါတယ်။ 

2 hours Ago

May 26, 2022

လီဗာပူးနှင့် အနာဂတ်ကိစ္စ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ဆုံးဖြတ်မည်ဟု မာနေးပြော

လီဗာပူးအသင်းနဲ့ အနာဂတ်ကိစ္စတွေကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ဆုံးဖြတ်ချက်ပေးမယ်လို့ တိုက်စစ်မှူး မာနေးက ပြောပါတယ်။

အသက် ၃ဝ အရွယ် ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ အနာဂတ်ကိစ္စ မသေချာမရေရာ ဖြစ်လာခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ အနိုင်ယူပြီး အသင်းအတွက် ၇ ကြိမ်မြောက် ဆုဖလား ရယူနိုင်ခဲ့မယ်ဆိုရင် ထူးခြားတဲ့အောင်မြင်မှု ဖြစ်လိမ့်မယ်လို့ မာနေးက ပြောပါတယ်။

“အသင်းအတွက် ၇ ကြိမ်မြောက် ဆုဖလားကို မြှောက်နိုင်ခဲ့မယ်ဆိုရင် ထူးခြားတဲ့အောင်ပွဲ ဖြစ်လိမ့်မယ်။ ကျနော့်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဒီမှာဆက်ရှိမလား ဆိုတာကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ဖြေကြားသွားပါမယ်။”

မာနေးကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူလိုနေသလို ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေကလည်း ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

လီဗာပူးအသင်းဟာ သက်တမ်းကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ဆာလက်နဲ့ ဖေမီနို တို့ကိုလည်း သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ လိုအပ်နေပါတယ်။

1 day Ago
More News
Up