လီနင်ဂရက်

January 28, 2019

လီနင်ဂရက်မြို့ကို နာဇီတပ်များ ဝိုင်းထားခဲ့မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ ကျင်းပ

နာဇီတပ်တွေက လီနင်ဂရက်မြို့ကို ဝိုင်းထားခဲ့မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ဇန်နဝါရီ ၂၇ ရက်က ကျင်းပပါတယ်။ ဒီဖြစ်ရပ်ဟာ စစ်သမိုင်းအတွင်း ရက်အကြာဆုံးနဲ့ လူအသေအပျောက် အများဆုံး စစ်တပ်အဝိုင်းခံရမှုလည်း ဖြစ်ပါတယ်။ ဆိုဗီယက်ခေတ်နဲ့ ခေတ်ပေါ်စစ်ကားတွေ အစီးတရာကျော်နဲ့ စစ်သည်အင်အား ၂၅၀၀ လောက် အမျိုးသားကျောင်းရှေ့ ရင်ပြင်မှာ ချီတက်ခဲ့ကြတာပါ။ ၈၇၂ ရက်ကြာတဲ့ လီနင်ဂရက် မြို့သိမ်းတိုက်ပွဲအတွင်း ထောင်သောင်းချီတဲ့ လူတွေဟာ ဗုံးကြဲမှုနဲ့ အစာရေစာ ငတ်မွတ်မှုတွေကြောင့် သေဆုံးခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ မြို့ကိုဝိုင်းထားတာ ပြန်ပွင့်ခဲ့ပြီး စစ်ပွဲအတွင်း ဆိုဗီယက်တပ်တွေ အကြီးအကျယ် အနိုင်ရခဲ့ပါတယ်။ မော်စကို၊ စတာလင်ဂရက်ဒ်နဲ့ ကာ့စ်ခ်မြို့တွေနဲ့အတူ လီနင်ဂရက်မြို့ကို ဆိုဗီယက်တပ်တွေက ပြန်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ လီနင်ဂရက်မြို့ကို ရှေးဟောင်းနာမည် စိန့်ပီတာစဘတ်အဖြစ် နာမည် ပြန်ပြောင်းခဲ့ပါတယ်။
2 years Ago
Up