လိုအပ်

December 25, 2020

ဘားအံဆေးရုံကြီးတွင် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင် လိုအပ်နေ

ဘားအံပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အရေးပေါ်လူနာတွေအတွက် ဘားအံဆေးရုံကြီးကနေ ထုတ်ယူတဲ့ အောက်ဆီဂျင်နဲ့ လုံလောက်မှုမရှိဘူးလို့ ဘားအံဆေးရုံအုပ်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ အရေးပေါ်လူနာတွေဟာ ရောဂါအခြေအနေ ဆိုးဝါးတဲ့အတွက် အောက်ဆီဂျင်အများကြီးရှူနေရတာဖြစ်လို့ အောက်စီဂျင် လိုအပ်ချက်တွေရှိတယ်လို့ ဆိုပါတယ်။ ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “Positive လူနာအားလုံးပေါင်း ၃၀ ရှိတယ်။ အောက်စီဂျင်ပေးနေရတဲ့ လူနာက ၃၊ ၄ ဦးရှိတယ်။ ဘားအံဆေးရုံကြီးမှာရှိတဲ့ အောက်စီဂျင်စက်ကနေ ထုတ်ပေးတာနဲ့ မလုံလောက်ဘူး” လို့ ပြောပါတယ်။ ဘားအံဆေးရုံကြီး အောက်ဆီဂျင်ပလန့်ကနေ ထုတ်ယူရရှိတဲ့ ၄၀ လီတာအိုး တစ်ရက် အလုံး ၃၀ လောက်နဲ့ မလုံလောက်တဲ့အတွက် လူမှုကူညီရေးအသင်းတွေက တစ်ရက်အလုံး ၂၀ လောက် ကူညီပံ့ပိုးမှုတွေရှိတယ်လို့ ဆိုပါတယ်။ ဘားအံဆေးရုံကြီး သီးသန့်လူနာထားရှိတဲ့အဆောင်မှာ ကိုဗစ်-၁၉ လူနာတွေကို ကုသမှုပေးနေပြီး အောက်စီဂျင်စက်အကူအညီနဲ့ အသက်ဆက်ထားရသူတွေ၊ ရောဂါပြင်းထန်ပြီး ကွယ်လွန်သူတွေလည်း ရှိပါတယ်။ အောက်ဆီဂျင်လိုအပ်ချက်ကို  ပြည်နယ်အစိုးရနဲ့ အလှူရှင် ဝိသာခါဖောင်ဒေးရှင်း (ရန်ကုန်) တို့ ပူးပေါင်းပြီး  အောင်စီဂျင်ပလန့်စက်အသစ်ကနေ မတ်လကုန်မှာ စတင်ထုတ်ယူသုံးစွဲနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူကပြောပါတယ်။ ဘားအံမြို့နယ်အတွင်း စောင့်ကြည့်လူနာတွေကို မူးယစ်ဆေးဖြတ်စခန်း၊ ဘားအံတက္ကသိုလ်၊ စံဖရီးတန်ဖိုးနည်းအိမ်ရာ၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေမှာ Facility Quarantine စင်တာဖွင့်လှစ်ထားရှိပြီး စောင့်ကြည့်လူနာ ၃၀၀ နီးပါးရှိပါတယ်။ ကရင်ပြည်နယ်အတွင်း ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ မတ်လကစတင်ပြီး ပြည်နယ်တွင်းနေထိုင်သူ ရောဂါပိုးတွေ့ရှိသူ ၁၁၀၀ နီးပါးနဲ့ တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေက လာရောက်သူတွေဆီက ပိုးတွေ့ရှိသူ ၁၀၀ နီးပါးရှိတယ်လို့ ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။ ပြည်နယ်အတွင်း မြို့နယ် ၇ နယ်မြိုနယ်က စောင်ကြည့်စင်တာတွေမှာ စောင့်ကြည့်လူနာက ၃၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ ရဲမင်းခေါင်
5 months Ago

November 26, 2020

ကျောက်မဲမြို့က စစ်ဘေးသင့်ရွာများကို ပြည်လည်ထူထောင်ပေးရန် လိုအပ်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်က စစ်ဘေးဒဏ်သင့်ရွာတွေကို ပြန်လည်ထူထောင် ပေးဖို့ လိုအပ်နေတယ်လို့ SWAN ရှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားသူများအသင်းက ပြောပါတယ်။  စက်တင်ဘာလက ကျောက်မဲမြို့နယ် ပုံဝိူတိုက်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူ ၃၀၀၀ ကျော်ဟာ သူတို့နေရပ်ကို ပြန်လည်ရောက်ရှိ ခဲ့ကြပေမယ့် စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းချိန်မရခဲ့ဘဲ ဆုံးရှုံးမှုတွေရှိခဲ့သလို ကျန်းမာရေး ထိခိုက်မှုတွေပါ ရှိခဲ့တာကြောင့် အခုလိုလုပ်ဆောင်ပေးဖို့ လိုအပ်နေတာပါ။   တိုက်ပွဲအတွင်းမှာ လူနေအိမ်တွေ၊ ကျွဲနွားတွေနဲ့ တောင်ယာစိုက်ခင်းတွေ ပျက်စီး ဆုံးရှုံးသွားခဲ့ပါတယ်။  ကောင်းခန်ကျေးရွာ၊ လုံဝယ်‌‌ရွာ၊ ဆမ်ပူးရွာ၊ ကုန်းစုံရွာ၊ ကုန်းဟတ်ရွာ၊ နားချန့်ရွာ၊ နောင်သျှင် ကျေးရွာတွေဟာ လူနေမှုအဆင့်အတန်းနိမ့်ကျ‌နေကာ ဆေးခန်းရှိပြီး ကျန်းမာရေးဝန်ထမ်းမရှိသလို ကိုယ်ထူကိုယ်ထစာသင်ကျောင်းရှိပေမယ့် သင်ပေးမယ့်ဆရာဆရာမ မရှိလို့ ကလေးတွေ စာမတတ်ကြပါဘူးလို့ ပြောဆိုပါတယ်။  နန်းစံပယ်
6 months Ago
More News
Up