လိုင်ယွန်အသင်း

May 12, 2020

တိုက်စစ်မှူး ဒမ်ဘီလီကို ရောင်းချရန် လိုင်ယွန်အသင်းဥက္ကဋ္ဌ အတည်ပြု

လိုင်ယွန်အသင်းဟာ ဥရောပပြိုင်ပွဲဝင်ခွင့် မရခဲ့တဲ့အတွက် အသင်းပြောင်းရွှေ့ချင်သူတွေကို ထွက်ခွာခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။  ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲကို ဆက်လက်ကျင်းပခြင်း မပြုတော့ဘဲ ဖျက်သိမ်းလိုက်တာကြောင့် အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့တဲ့ လိုင်ယွန်အသင်းက ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့တာပါ။  ဒီလိုအခြေအနေကြောင့် ဥရောပပွဲကစားဖို့အတွက် စီစဉ်ထားတဲ့ ကစားသမားတွေအနေနဲ့ အသင်းပြောင်းရွှေ့ချင်ကြမှာဖြစ်ပြီး ကမ်းလှမ်းလာတဲ့အသင်းရှိရင် ရောင်းချမယ်လို့ လိုင်ယွန်အသင်း ဥက္ကဋ္ဌ မိုက်ကယ်အော့လက်စ်က ပြောပါတယ်။  အသက် ၂၃ နှစ်ရှိ ပြင်သစ် တိုက်စစ်မှူး ဒမ်ဘီလီကို မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။  စကော့တန်ကလပ် ဆဲလ်တစ်အသင်းမှာလည်း ကစားခဲ့ဖူးတဲ့ ဒမ်ဘီလီဟာ အသင်းနဲ့ စုစုပေါင်း ၈၈ ပွဲမှာ ၄၂ ဂိုး သွင်းယူပေးထားပါတယ်။ ဒမ်ဘီလီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ 
12 months Ago

May 2, 2020

ပြင်သစ်လိဂ်ဖျက်သိမ်းမှု လိုင်ယွန်အသင်း တရားစွဲဆိုရန် ပြင်ဆင်

ပြင်သစ်လိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်တဲ့အပေါ်မှာ တရားစွဲဆိုသွားဖို့ လိုင်ယွန်အသင်းက ပြင်ဆင်နေပါတယ်။  ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် စက်တင်ဘာလအထိ မည်သည့်အားကစားပြိုင်ပွဲကိုမှ ကျင်းပခွင့်မပြုကြောင်း  ကြေညာခဲ့တာကြောင့် ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲကိုလည်း ဖျက်သိမ်းခဲ့ရတာပါ။  ချန်ပီယံအသင်းအဖြစ် ပီအက်စ်ဂျီအသင်းကို ပေးအပ်ခဲ့မူမှာ တစုံတရာ ပြဿနာမရှိပေမယ့်လည်း ဥရောပဝင်ခွင့်နဲ့ တန်းဆင်း၊ တန်းတက်စနစ်တွေမှာတော့ နစ်နာတဲ့ အသင်းတွေရှိနေတာပါ။ လိုင်ယွန်အသင်းဟာ ပွဲစဉ် ၂၈ ပွဲအပြီးမှာ ရမှတ် ၄၀ ရရှိထားပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့် ၄ က လိုင်လီအသင်းနဲ့ ၉ မှတ် ကွာဟနေပြီး ချန်ပီယံ လိဂ်ဝင်ခွင့်ရရှိမယ့် ရင်းနက်စ်အသင်းနဲ့ ၁၀ မှတ်ကွာဟ နေတာဖြစ်ပါတယ်။  ဒါပေမယ့်လည်း လက်ကျန် ၁၀ ပွဲအလိုမှာ လိဂ်ပြိုင်ပွဲဖျက်သိမ်းလိုက်တာကြောင့် နစ်နစ်မူတွေ ရှိခဲ့တာပါ။  လိုင်ယွန်အသင်းဥက္ကဋ္ဌ  မိုက်ကယ်အောလက်စ်ကတော့ လိဂ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်မယ့်အစား တခြား နည်းလမ်းတခု အသုံးပြုသင့်တယ်လို့ ပြောပါတယ်။  ထိပ်ဆုံးက အသင်းတွေကို ပလေးအော့ဖ် ကစားပြီး ဆုံးဖြတ်သင့်သလို တန်းဆင်းတန်းတက် ခွင့်အတွက်လည်း အောက်ဆုံးကအသင်းတွေ ပလေးအော့ဖ်ကစားသင့်ကြောင်း၊ ပြိုင်ပွဲဖျက်သိမ်းလိုက်ဖို့အထိ မလိုအပ်ကြောင်း လိုင်ယွန်ဥက္ကဋ္ဌက ဖေဝန်ခဲ့ပါတယ်။
1 year Ago
Up