လားရှိုး

May 1, 2021

လားရှိုးတွင် CDM ကျန်းမာရေးဝန်ထမ်းများကို ခြိမ်းခြောက်ဖိအားပေးနေ

 ရှမ်းပြည်နယ်၊ လားရှိုးမှာ CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဧပြီလကုန်ပိုင်းက စပြီး အာဏာသိမ်း စစ်အုပ်စုက ဖိအား ပိုပေးလာနေတယ်လို့ လားရှိုးမြို့ခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

“ပြည်နယ်ကလည်း စာထုတ်ပါတယ်။ တချို့ကိုတော့ ရပ်ဆိုင်းမယ်ပြောပြီး၊ တချို့ကိုတော့ ပုဒ်မ ၅၀၅ နဲ့ တရားစွဲရင် တာဝန်မယူဘူးလို့ ခြိမ်းခြောက်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း အားလုံးနီးပါးမှာပါ” လို့ကျန်းမာရေဝန်ထမ်းက ပြောပါတယ်။

လားရှိုးမြို့နယ်ထဲက ကျန်းမာရေး CDM ဝန်ထမ်းတွေကို မေလထဲ နောက်ဆုံးထားပြီး ​အလုပ်ပြန်ဝင်ကြဖို့ ပြောဆိုလာတာရှိပြီး CDM ဝန်ထမ်းတချို့အလုပ်ပြန်ဝင်နေကြတယ်လို့   သိရပါတယ်။

CDM လုပ်နေတဲ့ တခြားကျန်းမာရေးဝန်ထမ်းတဦးက “Non - CDM တွေက ဖိအားပေးနေတာ။ လားရှိုးက ပြည်သူ့ကျန်းမာရေးဌာနအောက် CDM to Non CDM ဝင်သွားတာ လောလောဆယ်တော့ ၆ ယောက်က ပြန်ဝင်သွားတာ သေချာတယ်။ တချို့ကိုတော့ ဖုန်းဆက်ပြီး အလုပ်ပြန်ဝင်ဖို့ ပြောတယ်။ တချို့ကိုတော့ အိမ်ထိလာ ပြီး အလုပ်ပြန်ဝင်ဖို့ သေချာစဉ်းစားဖို့ လာပြောတယ်”လို့ ပြောပါတယ်။

နိုင်ငံတဝန်းမှာလည်း CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာ၊  ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲတာ၊ အလုပ်ဖြုတ်တာ၊ နေအိမ်လိုင်းခန်းက နှင်ထုတ်တာတွေလည်း ပြုလုပ်နေသလို CDM ဝန်ထမ်းတွေ အလုပ်ပြန်ဝင်ကြဖို့  စစ်ကောင်စီရဲ့ မီဒီယာတွေကနေလည်း နည်းမျိုးစုံနဲ့ လှုံ့ဆော်နေပါတယ်။

1 week Ago

April 11, 2021

လားရှိုးမြို့နယ် မိုင်းမောရွာသစ်ရွာ အနီး တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်ပျဥ်ကျေးရွာအုပ်စု၊ မိုင်းမောရွာသစ်ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့တို့ ဧပြီ ၁၀ ရက်မနက် ၁၀ နာရီကျော်ခန့်ကနေ ၁၂ နာရီခွဲခန့်အထိတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မိုင်းမောရွာသစ်နဲ့ နီးနီးလေးပဲ။ ဆိုင်ကယ်နဲ့ ၅ မိနစ်လောက်ပဲ သွားရတယ်။ ခြံတွေရှိတယ်။" လို့ တိုက်ပွဲနေရာကို ဒေသခံ တစ်ဦးက ​ရှင်းပြပါတယ်။

လက်နက်ကြီးအသံပါကြားရပြီး ရဟတ်ယာဥ်နဲ့ပါပစ်တာတွေ့တယ်လို့ မိုင်းမောရွာခံ တစ်ဦးက ပြောပါတယ်။တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေတော့ မသိရသေးပါဘူး။ ဒီမနက် အစောပိုင်းက လားရှိုးမြို့ နောင်မွန်ရဲကင်းစခန်းကို တိုက်ခိုက်ခံခဲ့ရတာကြောင့် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေသေဆုံးဒဏ်ရာ ရသူတွေလည်း ရှိခဲ့ပါတယ်။

4 weeks Ago
More News
Up