လာလီဂါဥက္ကဋ္ဌ

May 12, 2020

လာလီဂါပွဲစဉ်များ ဇွန် ၁၂ ရက်နေ့ ပြန်စနိုင်ရန် လာလီဂါဥက္ကဋ္ဌ မျှော်လင့်

လာလီဂါပွဲစဉ်တွေကို ဇွန် ၁၂ ရက်မှာ ပြန်လည်စတင်နိုင်ဖို့ လာလီဂါဥက္ကဋ္ဌ ဂျာဗီးယာတီဘတ်စ်က မျှော်လင့်နေပါတယ်။ ပြန်စဖြစ်ရင် ပွဲစဉ်တွေကို ၃၅ ရက်တိတိ နေ့စဉ် ကစားမယ်လို့လည်း သူက ကတိပေးထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် လာလီဂါပွဲစဉ်တွေကို မတ်လမှာ ရပ်ဆိုင်းထားရတာပါ။ စပိန်နိုင်ငံဟာ ဥရောပဒေသမှာ ကိုရိုနာကူးစက်မှု အဆိုးရွားဆုံးနိုင်ငံတွေထဲက တခု ဖြစ်ပေမယ့် တင်းကျပ်တဲ့ Lockdown ဆိုင်ရာ သတ်မှတ်ချက်တွေကြောင့် လူသေမှုနှုန်းဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။  ဒီအခြေအနေမှာ လာလီဂါဥက္ကဋ္ဌက ပွဲစဉ်တွေကို ဇွန်လအလယ်ပိုင်းမှာ ပြန်လည်စတင်ဖို့ ကြိုးပမ်းသွားမယ်လို့ ထပ်မံအတည်ပြုပေးခဲ့ပြီး လာမယ့်နွေရာသီမှာ ပရိသတ်တွေအနေနဲ့ ဘောလုံးပွဲစဉ်တွေကို နေ့စဉ် ရင်ခုန်ခံစားနိုင်မယ်လို့လည်း အာမခံသွားခဲ့ပါတယ်။ “အတိအကျတော့ ပြောလို့မရသေးပါဘူး။ ကျနော်က ဇွန် ၁၂ ရက်မှာ ပြန်စနိုင်မယ်လို့ မျှော်လင့်ထားပေမယ့် အခြေအနေတွေကို ဆက်လက်စောင့်ကြည့်ရပါဦးမယ်”လို့ ဥက္ကဋ္ဌက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းအတွင်း စပိန်နိုင်ငံရဲ့ ထိပ်ဆုံးလိဂ်နှစ်ခုက ကစားသမား ၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရပြီး ဒီအရေအတွက်က ကြိုတင်မျှော်လင့်ထားတာထက် ပိုပြီးကောင်းမွန်နေတယ်လို့ ဥက္ကဋ္ဌ တီဘတ်စ်က ပြောပါတယ်။ လာလီဂါပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ ကစားသမားတွေအားလုံး အကောင်းမွန်ဆုံး အခြေအနေကို ပြန်လည်ရောက်ရှိနေစေဖို့ မျှော်လင့်ထားကြောင်းလည်း သူက ဆက်လက်ပြောဆိုပါတယ်။ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် အသင်းကစားသမားတွေဟာ နှစ်လကျော်ကြာ ကာလအတွင်း သူတို့ ရဲ့ပထမဆုံး လေ့ကျင့်ခန်းအစီစဉ်ကို မေ ၁၁ မှာ ပြုလုပ်ပြီး ကျန်ကလပ်အသင်းတွေဟာလည်း အုပ်စုငယ်တွေခွဲပြီး လေ့ကျင့်ရေး ပြုလုပ်စေဖို့ ခွင့်ပြုချက်တွေ ရရှိခဲ့ပြီး ဖြစ်ပါတယ်။  လာလီဂါပွဲစဉ် ၁၁ ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး ဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲကို မရပ်ဆိုင်းခင်ကာလအထိ ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်မှတ်ဖြတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။
1 year Ago

April 29, 2020

ဘောလုံးပွဲများပြန်မစပါက ပရော်ဖက်ရှင်နယ်ဘောလုံးလောက ပျောက်နိုင်ဟု လာလီဂါဥက္ကဋ္ဌ သုံးသပ်

ဘောလုံးပွဲတွေ ပြန်လည်စတင်နိုင်ခြင်းမရှိရင် ပရော်ဖက်ရှင်နယ် ဘောလုံးလောက ပျောက်ကွယ်နိုင်တယ်လို့ စပိန် လာလီဂါ ဥက္ကဋ္ဌက သတိပေးလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘောလုံးပွဲတွေ အပါအဝင် အားကစားပြိုင်ပွဲအားလုံးကို ကျင်းပခွင့်မပြုကြောင်း ကြေညာချက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဘောလုံးပွဲတွေ ပြန်လည်စတင်ဖို့ လိုအပ်ကြောင်း လာလီဂါဥက္ကဋ္ဌက ပြောခဲ့တာပါ။ စီးပွားရေးလုပ်ငန်းတွေ ပြန်စတင်နိုင်ခြင်းမရှိရင် ပျက်စီးနိုင်သလိုပဲ ဘောလုံးပွဲတွေကို ပြန်လည်ကျင်းပနိုင်ဖို့ မကြိုးစားဘူးဆိုရင် ပရော်ဖက်ရှင်နယ် ဘောလုံးလောကဟာလည်း ပျောက်ကွယ်နိုင်တယ်လို့လည်း ပြောပါတယ်။ စပိန်နိုင်ငံမှာ ဘောလုံးကနိုင်ငံရဲ့ စီးပွားရေးကို မောင်းနှင်နေတာကြောင့် လုံခြုံစိတ်ချရမယ့် အစီအစဉ်တွေနဲ့ ပြန်လည်စတင်ဖို့ ကြိုးပမ်းရမယ်လို့  လာလီဂါလိဂ် ပြိုင်ပွဲဥက္ကဋ္ဌက ပြောပါတယ်။
1 year Ago
Up