လာမည့် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ၅ ဦး ယှဉ်ပြိုင်မည်

January 27, 2016

လာမည့် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ၅ ဦး ယှဉ်ပြိုင်မည်

လာမယ့် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ဖီဖာက အတည်ပြုလိုက်ပါတယ်။ ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲကို လာမယ့် ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း ၅ ဦးကတော့ ဂျော်ဒန်မင်းသား အလီဘင် အယ်လ် ဟူစိန်၊ ဘာရိန်းနိုင်ငံမှ  ရှိတ် ဆယ်မန် ဘင် အီဘရာဟင်၊ ဂျီရာနီ အင်ဖန်တီနို၊ တောင်အာဖရိကနိုင်ငံသား ဆက်ဝဲနဲ့ ပြင်သစ်က ဂျရိုမီ ချန်ပနီတို့ ဖြစ်ပါတယ်။ လက်ရှိ ဖီဖာဥက္ကဋ္ဌ ဆပ် ဘလတ္တာကို အဂတိလိုက်စားမှုနဲ့ ပြီးခဲ့တဲ့နှစ် ရာထူးကနေ ဖြုတ်ချအပြီးမှာ ရွေးကောက်ပွဲ ပြုလုပ်တာပါ။ ရှိတ် ဆယ်မန်ဟာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အင်ဖန်တီနိုကတော့ ယူအီးအက်ဖ်အေရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ အစောပိုင်းကတော့ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပလာတီနီက ဖီဖာဥက္ကဋ္ဌ ရာထူးအတွက် ရေပန်းစားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ငွေကြေးအရှုပ်တော်ပုံကြောင့် ဖီဖာရဲ့ ကျင့်ဝတ်ကော်မတီက ဘောလုံးလောကနဲ့ ၈ နှစ်အထိ ဝေးဝေးနေဖို့ အရေးယူတဲ့ ဆုံးဖြတ်ချက် ချမှတ်ထားပါတယ်။
5 years Ago
Up