လသားအရွယ်

November 14, 2016

လသားအရွယ် ကလေးငယ်ကို ပြန်ပေးဆွဲသည့် စားပွဲထိုးအမျိုးသမီးကို ဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံမှာ ဧည့်သည်တဦးထံမှ လသားအရွယ် ကလေးငယ်တဦးကို ပြန်ပေးဆွဲခဲ့တဲ့ စားပွဲထိုးအမျိုးသမီးကို ရဲတွေက လုံခြုံရေးကင်မရာတွေကတဆင့် ခြေရာခံဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၈ ရက်နေ့က ဟဘေးခရိုင်၊ ရှီယန်းမြို့မှ စားသောက်ဆိုင်တဆိုင်ထဲမှာ ဖြစ်ခဲ့တာပါ။ ပင်းလို့အမည်ရတဲ့ မိခင်ဖြစ်သူ အမျိုးသမီးဟာ အဲဒီနေ့က စားသောက်ဆိုင်ထဲကို သူ့ရဲ့ ၁၀ လသားအရွယ် ကလေးဖြစ်သူနဲ့အတူ ရောက်ရှိလာခဲ့ချိန်မှာ စားပွဲထိုးအမျိုးသမီးက နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီစားပွဲထိုးအမျိုးသမီးဟာ ကောင်တာမှာရှိနေခဲ့ပြီး မိခင်ဖြစ်သူအမျိုးသမီးဆီက ကလေးကို ကူထိန်းပေးဖို့ တောင်းဆိုခဲ့တာပါ။ မိခင်ဖြစ်သူဟာ ကလေးကို စားပွဲထိုးအမျိုးသမီးဆီမှာ ချန်ထားခဲ့ပြီး တနေရာရာကို ထွက်သွားခဲ့ရာက မိနစ်အနည်းငယ်အကြာ ကောင်တာဆီပြန်ရောက်ခဲ့ချိန်မှာတော့ ကလေးငယ်ရော စားပွဲထိုးအမျိုးသမီးကိုပါ မတွေ့ရတော့ပါဘူး။ ရဲတွေဟာ နေရာအနှံ့ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေကနေတဆင့် အဆိုပါ စားပွဲထိုးအမျိုးသမီးရှိတဲ့ နေရာကို ခြေရာခံ ရှာဖွေနိုင်ခဲ့ပါတယ်။ သူက ကလေးကို သဘောကျတဲ့အတွက် မွေးစားချင်လို့ ခုလိုကျူးလွန်ခဲ့တာလို့ ၀န်ခံထွက်ဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ အမှုဖြစ်ရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up