လမ်းပိတ်တားဆီး

July 30, 2021

ရန်ကုန်မြို့တွင်း နေရာအတော်များများတွင် စစ်တပ်က လမ်းပိတ်တားဆီး

ရန်ကုန်မြို့တွင်း လမ်းမတော်မြို့နယ်နဲ့  လသာမြို့နယ်အပါအဝင်  နေရာတော်တော်များများမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေက လမ်းတွေမှာ ကြိုးတားပိတ်ပြီး  ကားတွေကို လှည့်ပြန်ခိုင်းနေ​တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ 

ဇူလိုင် ၃၀ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က စပြီး ဝါးတန်းလမ်း၊ ဗိုလ်ချုပ်လမ်းဆုံ၊ လသာမီးပွိုင့်တို့ကိုလည်း လေးဘက်လေးတန်ကို အတားအဆီးတွေ ပိတ်ထားပြီး  လမ်းမတော် ဗိုလ်ချုပ်လမ်းမှ ရွှေတိဂုံဘုရားလမ်းအထိ လည်းပိတ်ထားကာ မောင်းနှင်လာတဲ့ကားတွေကို ပြန်လှည့်ခိုင်းနေတာပါ။ 

မြို့မကျောင်းလမ်းဘက်မှာလည်း  လမ်းပိတ်ထားသလို သခင်မြပန်းခြံဘက်မှာလည်း ကားအသွားအလာတွေ တားဆီးထားပါတယ်။

ဘာကြောင့် ခုလို လမ်းတွေပိတ်ထားတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up