လဂွန်းအိမ်စာစဉ်

May 2, 2021

မော်လမြိုင်တွင် စစ်အာဏာရှင်တော်လှန်ရေး လဂွန်းအိမ်စာစဉ် ဖြန့်ဝေ

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်လူငယ်တွေ ထုတ်ဝေတဲ့ လဂွန်းအိမ်စာစဉ်ကို မေလ ၂ ရက်နေ့က မော်လမြိုင်မြို့ပေါ် ရပ်ကွက် အများစုမှာ ဖြန့်ဝေခဲ့ပါတယ်။

ဒီလဂွန်းအိမ်စာစဉ်ဟာ အင်တာနက်မရတဲ့ ပြည်သူတွေ သတင်းအချက်အလက် အမှန် သိရှိနိုင်အောင် ရေးသား ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

လဂွန်းအိမ်စာစဉ်ကိုတော့ မွန်၊ မြန်မာ နှစ်ဘာသာနဲ့ အပတ်စဉ် ထုတ်ဝေ ဖြန့်ချိပေးနေတာ ဖြစ်ပါတယ်။

3 months Ago

April 14, 2021

မွန်လူငယ်အင်အားစု တော်လှန်ရေးစာစဉ် စတင်ထုတ်ဝေ

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်လူငယ်အင်အားစုတွေဟာ လဂွန်းအိမ်စာစဉ်ကို ဧပြီ ၁၃ ရက်နေ့မှာ စတင်ထုတ်ဝေလိုက်ပါတယ်။

ဒီစာစဉ်ဟာ အင်တာနက်မရတဲ့ဒေသက ပြည်သူတွေ သတင်းအချက်လက် ပိုမိုသိရှိနိုင်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ထားပါတယ်။

ဒါအပြင် ဒီစာစဉ်ဟာ တိုင်းရင်းသားတွေရဲ့အသံနဲ့ နိုင်ငံရေးအပြောင်းအလဲကာလမှာ ပြည်သူလူထုကြီးတစ်ရပ်လုံး ပါဝင်လာဖို့ရည်ရွယ်ပြီး ထုတ်ဝေရတာလို့ ဆိုပါတယ်။

လဂွန်အိမ်စာစဉ်ကို  မွန် ဗမာ နှစ်ဘာသာနဲ့  တစ်ပတ် တစ်ကြိမ် ထုတ်ဝေသွားဖို့ စီစဉ်ထားပြီး  Facebook စာမျက်နှာမှာလည်း Lagon Eain - လဂွန်းအိမ် စာစဉ်လို့ ရိုက်ရွာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

4 months Ago
Up